Chapter - 5
ဖိညှစ်ခံရခြင်း(Note-ရှေ့မှာပြောခဲ့သလိုပါပဲ မင်းသားယွေ့ ဟာ လဲ့ယောင်းယောင်းကို မိန်းမစိုးယောက်ျားလေးပဲ ထင်နေတာပါ ဒါကြောင့် မင်းသားယွေ့ ဖက်ကတွေးတဲ့ အတွေးတွေကို ရေးတဲ့အခါ သဲကွဲအောင် မူရင်းTranမှာပါတဲ့
အတိုင်း 👉'...'👈 လေးသုံးပေးပြီး 'သူ' လို့ ရေးပေးမှာပါ။ ဒါကြောင့် 'သူ' လို့သုံးတဲ့ အသုံးအနှုန်းဟာ လဲ့ယောင်းယောင်းကို ရည်ညွှန်းပါတယ်နော်။ ကိုယ်ရှင်းမှ ပိုတောင်ရှုပ်သွားသလားမသိ 😣😣😣)ဒီမိန်းမစိုးလေးရဲ့ မျက်နှာသွင်ပြင် လက္ခဏာအင်္ဂါရပ်ငါးရပ်ဟာ အနုစိတ် ထွင်းထုထားသလိုပဲ။ ဆွဲဆောင်မှုအရှိဆုံးက 'သူ့'ရဲ့ ဘဲဥပုံမျက်နှာပေါ်မှာ လေးပုံပုံတစ်ပုံ နေရာယူထားတဲ့ သိချင်စိတ်ပြင်းပြနေတဲ့ မျက်လုံးကြီးတွေပဲ။
လောင်ကျွင်းယွီ ဒီလောက်ကြီးမားတဲ့ ဇီးကွက်မျက်လုံးတွေကို အရင်ကတစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ 'သူ့'ရဲ့ မျက်လုံးတွေဟာ ရွှန်းလဲ့နေပြီး နေရောင်ခြည်လှိုင်းလေးအလင်းပြန်နေသလို တောက်ပနေတယ်။ ထာဝရရှင်သန်သူတစ်ယောက်လို အပြစ်ကင်းပြီး တစ်ချိန်ထဲမှာပဲ အပြစ်ရှိနေတဲ့ အရိပ်ယောင်တွေလဲ ရှိနေတယ်။ အဲ့ဒီ့ချစ်စဖွယ်မျက်လုံးတွေထဲ သူ တည့်တည့်မတ်မတ်စိုက်ကြည့်နေလိုက်တဲ့ အခိုက်မှာ သူတို့ရဲ့ပိုင်ရှင်ဟာ နှစ်လိုဖွယ်ကောင်းတဲ့ တုန်လှုပ်မှုလေးတွေကို မဖုံးကွယ်ထားနိုင်တော့ပဲ ပေါ်ထွက်လာတယ်။
'သူ့'ရဲ့အတွေးတွေကို 'သူ့'ရဲ့ မျက်ဆံတွေကနေတဆင့် ထွင်းဖောက်သိနိုင်တယ်။
အခုချိန်မှာတော့ လောင်ကျွင်းယွီဟာ 'သူ' သူ့ကို ဘယ်လောက်တောင် နှစ်သက်စွာရှုစားနေလဲဆိုတာ အတတ်ပြောနိုင်တယ်။ ပြီးတော့ သူစိတ်ကျေနပ်နေတယ်လို့လဲ ခံစားရတယ်။လောင်ကျွင်းယွီ အရင်က ဒီလိုပုံစံမျိုး တစ်ခါမှ မခံစားခဲ့ရဖူးဘူး။ ဒီမိန်းမစိုးလေးက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်.. !
YOU ARE READING
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး (Myanmar Translation)
Historical FictionHello.. This is my second translation work and hope u guys will enjoy..❤ I don't own this story and i'm just a translator. I give all full credit to original author and english translation team. Collaboration with - Peach-Niel Book cover design...