Chapter - 8
မင်းသားယွေ့ကိုကိုက်ပြီးနောက်မင်းသားယွေ့ ထုတ်လွှတ်နေတဲ့ လူသတ်ငွေ့တွေဟာ ငရဲရှစ်ထပ်ကနေအခုပဲထွက်ပေါ်လာတဲ့ မိစ္ဆာစွမ်းအင်တွေအလား ဖော်ပြ စရာစကားလုံးတောင် ပျောက်ဆုံးနေတယ်။
လဲ့ယောင်းယောင်းဟာ သူမမှာရှိနေတဲ့ အပေါက်မှန်သမျှပွင့်ထွက်ကုန်သလို ခံစားလိုက်ရတယ်။ အမျိုးသမီးတွေရဲ့ ဆဋ္ဌမအာရုံအရ သူမအခုအလွန်အန္တရာယ်ရှိနေပြီဆိုတာ သူမသိလိုက်တယ်။
" ဟ..ဟ..ဟား..ဟား.. ဒီနေ့မှ ရာသီဥတုကလဲ သိပ်ကောင်းတာပဲ! ငါ.. ငါ အခုမှ ရု..ရုတ်တရက် သ...သ..သတိရတယ် ကြည့်စမ်း.. ငါ့မှာ လုပ်စရာရှိသေးတာပဲ..
အိမ်း.. ငါ.. ငါ.. သွား... တော့မယ်နော်.. "လဲ့ယောင်းယောင်းဟာ လုပ်သံကြီးနဲ့ရယ်ပြီး သူမရဲ့ခြေထောက်နှစ်ချောင်းကို တဖြည်းဖြည်း အနောက်ဆုတ်နေလိုက်တယ်။
ဒါပေမဲ့ သူမခြေတစ်လှမ်းဆုတ်တိုင်း သူမရဲ့ရှေ့ကလူကလည်း ရှေ့ကိုတစ်လှမ်းတိုးလာတယ်။
သူ့ရဲ့နီရဲနေတဲ့ နှုတ်ခမ်းပါးတွေဟာ
တဖြည်းဖြည်းကော့တတ်လာပြီး အပြုံးတစ်ခု အသွင်ပြောင်းသွားတယ်။သူ့ရဲ့အပြုံးဟာ နှစ်လိုဖွယ်အတိရှိတယ်။ ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုရင်
ဘိန်းပန်းလိုပဲ လှပလွန်းတယ် ဒါပေမဲ့ သေစေနိုင်တယ်။လောင်ကျွင်းယွီပြုံးလိုက်တဲ့အခါ, သွေးစီးကြောင်းဟာ သူ့ရဲ့ပါးစပ်ထောင့်ကနေ စီးကျလာတယ်။ အနီရောင်တောက်တောက် သွေးတွေဟာ သူ့ရဲ့ ဖြူ လွင်တဲ့အသားအရည်နဲ့ ဆန့်ကျင်စွာ သေလုအောင်ဆွဲဆောင်မှုရှိနေတယ်။
အဲ့ဒါကိုမြင်ပြီး လဲ့ယောင်းယောင်းရဲ့ နှလုံးသားဟာ ဗရမ်းဗတာတွေ စပြီးခုန်လာတယ်။
အာ.. အား... !! သူက ဒီလောက်ဟော့တာ သူပြုံးလိုက်တော့ ဘာလို့ ကြောက်စရာကောင်းသွားရတာလဲ? သူ့ကို ဆက်မပြုံးတော့ဖို့ သူမ တကယ်ပြောလိုက်ချင်နေမိတယ်။
ESTÁS LEYENDO
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး (Myanmar Translation)
Ficción históricaHello.. This is my second translation work and hope u guys will enjoy..❤ I don't own this story and i'm just a translator. I give all full credit to original author and english translation team. Collaboration with - Peach-Niel Book cover design...