Chapter-15
သူသူမကိုသတ်တော့မယ်အဲဒီနောက်မှာတော့ လောင်ကျွင်းယွီရဲ့ နှုတ်ခမ်းထောင့်ဟာကွေးညွတ်သွားပြီး အေးဆေးငြိမ်သက်တဲ့အမူအရာနဲ့ တည်ငြိမ်စွာစကားစပြောလာတယ်။
" အဲ့ဒီမိန်းမစိုးသေးသေးလေးနဲ့ ငါ့ကိုခြိမ်းခြောက်နိုင်လိမ့်မယ်လို့ မင်းတကယ်ပဲထင်နေတာလား....?ဒါက ကမ္ဘာပေါ်မှာ အရယ်ရဆုံးဟာသပဲဖြစ်လိမ့်မယ်...."
လောင်ကျွင်းယွီဟာ အသက်ပြင်းပြင်းရှူ လိုက်ပြီး သူ့ကိုယ်ကို အထင်ကြီးမှုနဲ့ အလိုမကျမှုတွေကို သူရဲ့မျက်ခုံးနှစ်ခုကြားမှာ ဖော်ပြထားတယ်။
ဒီလူဟာ နှစ်ပေါင်းထောင်ချီနေတဲ့ ရေအိုင်တစ်ခုနဲ့တူတယ်။သူက တကယ်ကိုပဲ အာရုံလွှဲလို့မရဘူး။
လဲ့ယောင်းယောင်းကတော့ သူမရဲ့မျက်လုံးတွေ ပြူးကျယ်လာလေရဲ့။ လောင်ကျွင်းယွီ ဒီလိုပြောလာလိမ့်မယ် ဆိုတာကို သူမအခုထိ မယုံကြည်နိုင်သေးဘူး။
ဒီလူက အစောနလေးကပဲ သူမကို
"စိတ်မပူနဲ့နော်.. ငါ ဒီမှာရှိတယ်"
ဆိုပြီး ပြောခဲ့တဲ့သူလေ။ သူ့စိတ်ကို ဒီလိုမျိုး ပြောင်းပစ်လိုက်လို့မရဘူးလေ။သူရဲ့အေးစက်နေတဲ့ပုံစံနဲ့ ဂရုဏာမရှိတဲ့ အသံဟာ လုံးဝကို ခန့်မှန်းလို့မရနိုင်ခဲ့ပေ။ ဒါဟာ ကောလဟာလတွေ မှန်တယ်လို့ ပြောဖို့လုံလောက်တယ်။သူကအေးစက်ပြီး တကယ့်ကို အကြင်နာတရားမရှိဘူးပဲ။
ပြီးတော့ သူမ သတိထားမိလိုက်တာက ခန့်ညားတဲ့ဒီလူဟာ သူအမှုထမ်းဆီကနေ သူ့ရဲ့လေး ကို လက်ခံရရှိပြီးနေပြီ။ လေးကိုမြှားတင်ပြီး ဆွဲလိုက်တဲ့အခါမှာ လတစ်စင်းလိုပဲ ကွေးညွှတ်နေတာကို ကြည့်လိုက်တာနဲ့ ဒီလူရဲ့မြှားအတ်ပညာက လုံးဝကိုကျွမ်းကျင် ပညာရှင်အဆင့်ဆိုတာ သိသာတယ်။
အကယ်၍များ ဒီလေးကို သူမအရင်ကသာ မြင်ခဲ့ရမယ်ဆိုရင် ဒါက အလွန်လက်ရာမြောက်တဲ့ အနုပညာတစ်ခုဆိုတာကို သူမထောက်ခံမိမှာပဲ။ဒါပေမယ့် အခုသူမခံစားနေရသမျှကတော့ သူမရဲ့ခြေထောက်ကနေ ဆံပင်ဖျားတွေအထိ ဖြတ်တိုက်နေတဲ့ အေးစက်လှတဲ့လေတွေကိုပါပဲ။
YOU ARE READING
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး (Myanmar Translation)
Historical FictionHello.. This is my second translation work and hope u guys will enjoy..❤ I don't own this story and i'm just a translator. I give all full credit to original author and english translation team. Collaboration with - Peach-Niel Book cover design...