Chapter - 7
သူမအနမ်းခံလိုက်ရတယ်!လောင်ကျွင်းယွီရဲ့ ချစ်စိတ်မွှန်နေတဲ့ အကြည့်တွေဟာ လဲ့ယောင်းယောင်းကို ကြက်သီးထစေတယ်။ သူ့မရဲ့နှလုံးသားဟာ အရင် ဒီလောက်မြန်မြန်မခုန်ဖူးဘူး။
* ဘန်း..ဘန်း..ဘန်း..ဘန်း * နှလုံးသားဟာ အခုန်မြန်လွန်းလို့ ရင်ဘက်ထဲကနေ ထွက်ကျလာတော့မလားတောင် ထင်နေမိတယ်။
" န..နင်..နင်... "
လဲ့ယောင်းယောင်း စကားတွေထစ်ငေါ့နေတယ်။ လောင်ကျွင်းယွီရဲ့ 'ဆာလောင်နေတဲ့' အကြည့်ကြောင့် သူမရဲ့မျက်နှာဟာ တဖြည်းဖြည်း ဖြူ ဖျော့လာတယ်။ သူမအခုနေ ထွက်မပြေးနိုင်ရင် သူမအစိမ်းလိုက်ဝါးမျိုးတာ ခံရတော့မှာ ဖြစ်တဲ့အကြောင်း သူမခေါင်းပေါ်မှာ အချက်ပြသင်္ကေ(!)ပေါ်လာတယ်။ဒါကြောင့် သူမကိုယ်ပေါ်မှာပိနေတဲ့လူကို အားကုန်သုံးပြီးတွန်းဖယ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ အမျိုးသမီးတစ်ယောက်ရဲ့အင်အားဟာ အမျိုးသားတစ်ယောက်ကို ယှဉ်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ သူမအားကုန်သုံးပြီးကြိုးစားပါသော်လဲ သူမအပေါ်ကလူကတော့ ဒုံရင်းကဒုံရင်းပဲ။
လဲ့ယောင်းယောင်းရဲ့ နဖူးဖြူ ဖြူ ပေါ်မှာ ပုတီးစေ့အရွယ် ချွေးလုံးတွေတောင်စို့လာ တယ်။ သူမရဲ့ ခုနကဖြူ ဖျော့တဲ့ မျက်နှာလေး ဟာလဲ တဖြည်းဖြည်း အနီရောင်အဖြစ်သို့ တဖန်ပြန်ပြောင်းသွားတယ်။ အခုလက်ရှိ အချိန်, လောင်ကျွင်းယွီရဲ့မျက်လုံးထဲမှာတော့ သူမဟာ အာရုံတက်ချိန်မှာ ကျတဲ့ နှင်းပေါက်လေးလို, စားသောက်ပွဲမှာခင်းကျင်း ထားတဲ့ အခုမှမှည့်စပြုနေတဲ့ အရည်ရွှမ်းတဲ့ မက်မွန်သီးလိုပဲ။
လောင်ကျွင်းယွီဟာ ထိန်းချုပ်နိုင်စွမ်းတွေပျောက်ဆုံးသွားသလို ခံစားလိုက်ရတယ်။ သူ့မျက်လုံးထဲမှာ မြင်နေတဲ့ တစ်ခုတည်းသော အရာလေးက သူ့ရဲ့အရှေ့က ဖြားယောင်နိုင်စွမ်းအပြည့်ရှိနေတဲ့ နှုတ်ခမ်းလေးတစ်စုံပဲ။
YOU ARE READING
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး (Myanmar Translation)
Historical FictionHello.. This is my second translation work and hope u guys will enjoy..❤ I don't own this story and i'm just a translator. I give all full credit to original author and english translation team. Collaboration with - Peach-Niel Book cover design...