Chapter - 10
ငရဲမင်း၏အမျက်ဒေါသလောင်ကျွင်းယွီဆီကနေ အရိုင်းဆန်တဲ့အနံ့ ခပ်စူးစူးရနေတယ်။ သူ့ရဲ့အနံ့က ငါးကြီးအန်ဖတ်အနံ့နဲ့တောင်တူတယ်။
လဲ့ယောင်းယောင်းနှာခေါင်းတစ်ချက်ရှုံ့လိုက်တယ်။ အဲ့ဒီ့အနံက သူမရဲ့ခံစားချက်တွေကို မြင့်တတ်စေပြီး သူမရဲ့နှလုံးသားကို အခုန်မြန်စေတယ်။
သူမခုထိဒီအမျိုးသားဖက်ထားတာ ခံနေရတုန်း။ သူမအသက်၁၈နှစ်ထိနေလာခဲ့ပြီးပြီ ဒါပေမဲ့ သူမဘယ်အမျိုးသားနဲ့မှ ဒီလောက်ထိနီးနီးကပ်ကပ်မနေခဲ့ဖူးဘူး။ ဒီအမျိုးသားသူမကို အထုတ်တစ်ခုလို ထွေးပွေ့ထားတာ ထူးဆန်းပြီးတစ်ခါမှ မခံစားခဲ့ရဖူးတဲ့ခံစားချက်တွေကိုပွင့်ထွက်လာစေတယ်။
ဒီလူကငါ့ကိုတစ်စီဆွဲဖြဲဖို့ကြိုးစားနေတာမဟုတ်ဘူးလား? သူဘာလို့ ငါ့ကိုကယ်လိုက်ရတာလဲ.. ?
အတော်နားလည်ရခက်တဲ့လူပဲ....
လဲ့ယောင်းယောင်းသူမဘာသာတွေးနေတုန်း သတ်ဖြတ်ချင်စိတ်ပြင်းပြနေတဲ့ အသံတစ်ခု သူမနားထဲဝင်လာတယ်။
" လောင်ကျွင်းယွီ! ဒီနေ့ငါ့ရဲ့ ၁၈၀သော ညီအစ်ကိုတွေအတွက် သွေးကြွေးဆပ်မယ်! မင်း... လူသတ်ကောင်.. ! "
အဖွဲ့ရဲ့ခေါင်းဆောင်ဟာ မိုးထိညံအောင်အော်ဟစ်နေခဲ့တယ်။ သူ့ရဲ့မျက်လုံးတွေဟာ သေစေနိုင်လောက်တဲ့အကြည့်တွေ ပစ်လွှတ်နေတယ်။ သူခုနကိုင်ထားတဲ့မြှားအစား အသွားနှစ်ဖက်ဓားကို အစားထိုးကိုင်ထားပြီး ဓားဦးချွန်ကို လောင်ကျွင်းယွီဆီဦးတည်ထားတယ်။ သူ့ပုံစံကြည့်ရတာ ဆင်ကန်းတောတိုးသလို အလွန်မိုက်မဲချင်နေတယ်။
လောင်ကျွင်းယွီဟာ လုပ်ကြံသူတွေကို ရွံရှာသလိုကြည့်လိုက်ပြီး အေးစက်စွာရယ်မောလိုက်တယ်။
" အဟက်.. ! သွေးကြွေးဆပ်ချင်လို့.. မင်းက!? မင်းရဲ့အရည်အချင်းနဲ့လေ... !?"
STAI LEGGENDO
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး (Myanmar Translation)
Narrativa StoricaHello.. This is my second translation work and hope u guys will enjoy..❤ I don't own this story and i'm just a translator. I give all full credit to original author and english translation team. Collaboration with - Peach-Niel Book cover design...