Chapter-4
မင်းသားယွေ့-လောင်ကျွင်းယွီ
Note from original translator Grace
"မင်းသားယွေ့က superrrrrr hot နဲ့ sexy
ပြီးတော့ အရမ်းလဲ ယောက်ျားဆန်တယ်
*သေပြီ သေပြီ*...
ပြီးတော့ ဒီ novel ထဲမှာ နောက်ထပ် hot တဲ့ အမျိုးသားတွေလဲ ပါဦးမှာပါ" တဲ့ xDအသံက အရမ်းကိုဆွဲငင်အားပြင်းတယ်။ အသံရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းက ခပ်ရှရှနဲ့ သုံးဆယ်ရာခိုင်နှုန်းက ခပ်လေးလေးလေး။ အလွန်ကောင်းတဲ့ဝိုင်တစ်လုံးကို ဖွင့်ဖောက်ရတာနဲ့ အလားသဏ္ဍာန်တူတယ် အရမ်း သာယာယစ်မူးချင်စရာကောင်းတယ်။
လဲ့ယောင်းယောင်းဟာ ဓာတ်လိုက်နေသလို တဆက်ဆက်တုန်နေတယ်။ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးကြောင်းကြီး ဖြတ်စီးနေသလို ခံစားနေရတယ်။
သူ့ရဲ့အသံထဲမှာ မှော်စွမ်းအင်တွေပါနေလို အသံဟာ အရမ်းညှို့ငင်နိုင်စွမ်းရှိတယ်။ အသံဟာ အရမ်းနူးညံ့ပြီး ကြားရသူရဲ့ စိတ်နှလုံးကို ကိုင်လှုပ်နိုင်တယ်။ အကယ်၍ ဒီအချိန်သာ ခေတ်မှီတဲ့ အချိန်ဖြစ်နေမယ်ဆိုရင် သူက သီချင်းလင်္ကာတွေရဲ့ ဘုရင် ဖြစ်နေလောက်တယ်။
ဒါပေမဲ့.. ခနနေဦး..
သစ်သားချပ်နောက်က ဘယ်သူလဲ? ဒဏ္ဍာရီလား မင်းသားလောင်ကျွင်းယွီ များလား?လဲ့ယောင်းယောင်း သိပ်မသေချာဘူး သူမလုပ်နိုင်တာတစ်ခုက ရပ်ပြီး ငေးကြောင်ကြည့်နေတာပဲ။ သူမရဲ့ တုန်လှုပ်မှုကနေ
ရုန်းမထွက်နိုင်ခင် ခနလောက်အကြာ... သူမဘာမှ မပြောနိုင်သေးခင်,
လူတစ်ယောက်.... တစ်နည်း နတ်ဘုရားတစ်ပါးလို ချောမာလှတဲ့ လူတစ်ယောက် ပေါ်ထွက်လာခဲ့တယ်။ မိုးခြိမ်းသံကြောင့် မြေပြင်တုန်ခါသွားသလို သူမရဲ့ ရင်ထဲမှာလဲ ပေါက်ကွဲသံတွေ ပလုံစီနေတယ်။ သူမနေရာမှာတင် တောင့်ခဲနေတယ်။
YOU ARE READING
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး (Myanmar Translation)
Historical FictionHello.. This is my second translation work and hope u guys will enjoy..❤ I don't own this story and i'm just a translator. I give all full credit to original author and english translation team. Collaboration with - Peach-Niel Book cover design...