Chapter - 6
နင်ငါ့ကိုသေအောင် ညှစ်သတ်နေတာပဲအရိုးသားဆုံးပြောရရင်, ဘယ်လိုမှော်ပညာတွေများ 'သူ' လေးပိုင်ဆိုင်ထားတာလဲ?
ငါဘာလို့ ဒီလိုကြီး ခံစားနေရတာတုန်း.. !?လောင်ကျွင်းယွီ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်နေတုန်း, လဲ့ယောင်းယောင်း ခမျာမှာတော့ ဖိညှစ်ခံနေရလို့ သေပြီလို့တောင်ထင်နေ မိတယ်။
သူမရဲ့ နူးညံ့တဲ့မျက်နှာလေးဟာ အခုတော့ ဂန္ဓမာပန်းကို ချိုးချေထားသလိုပဲ။
လောင်ကျွင်းယွီက ဖယ်ပေးဖို့ ဆန္ဒမရှိသေးပဲ သူမကိုပဲ စိုက်ကြည့်နေတော့.. လဲ့ယောင်းယောင်းဟာ နောက်ဆုံး ဘယ်လိုမှ မခံစားနိုင်တော့ဘူး... ။" သေစမ်း.. ! ထတော့, နင်ငါ့ကိုသေအောင် ဖိညှစ်သတ်နေတာပဲ... !!"
" ဘာ.. !!?"
လဲ့ယောင်းယောင်း သူ့ကို ဒေါသတကြီးအော်ဟစ်နေသံကြားတော့ လောင်ကျွင်းယွီရဲ့ မျက်လုံးတွေဟာကျဉ်းမြောင်းသွားတယ်။ ဒေါသရိပ်တွေဟာ မျက်လုံးကိုဖြတ်ပြီး တလက်လက်ထနေတယ်။
သူ့ကို ဘယ်သူမှ ဒီလိုပုံစံနဲ့ မပြောရဲကြဘူး။ ဒီမိန်းမစိုးလေးက ဘယ်လိုတောင် အရိုအသေ တန်နေရတာလဲ?
ဒါပေမဲ့ လဲ့ယောင်းယောင်းအဖို့ကတော့ သူမဟာ ကျားမြှီးကိုမှတတ်နင်းထားမိနေမှန်း မသိရှာသေးဘူး။ ခုချိန်မှာတော့ သူမဟာ ဇောကပ်နေတုန်း... ။
မင်းသားယွေ့ ဘယ်လောက်ကြောက်စရာကောင်းပြီ အန္တရာယ်များလဲ သိနေကာ သူမရဲ့ အပြုအမူတွေကို ပြန်ပြင်ဖို့ အခွင့်အရေးတွေရှိနေပါသော်လည်း သူမကတော့ ပုံမှန်အတိုင်း သတိမဲ့စွာပြုမူရန်စလိုက်တဲ့ အခါမှာတော့ အခြေအနေတွေက တင်းမာကုန်တယ်။
သူမကအိမ်မှာဆို မာနကြီးတဲ့ မင်းသမီးလေးတစ်ယောက်ပဲ သူမနဲ့ ပြသာနာဖြစ်တဲ့ သူမရဲ့ ပြိုင်ဘက်ကို ထည့်စဉ်းစားနေစရာ ကိုမလိုဘူး။ အကယ်လို့ ဒင်းက ဧကရာဇ်ဖြစ်နေရင်တောင် သူမကတော့ ခံပြောနေဦးမှာပဲ။
BẠN ĐANG ĐỌC
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး (Myanmar Translation)
Tiểu thuyết Lịch sửHello.. This is my second translation work and hope u guys will enjoy..❤ I don't own this story and i'm just a translator. I give all full credit to original author and english translation team. Collaboration with - Peach-Niel Book cover design...