Unicode
My Candelabra
Kyungsoo ဆိုင်သိမ်းပြီး အိမ်ပြန်ရောက်တော့
ဖခင် ဖြစ်သူ နှလုံးအမောဖောက်နေတာမို့
Taxi ငှါးပြီး Emergency သို့ ပြေးရပြန်သည်
အမြဲတမ်းလိုလို Appa အတွက်
အရေးပေါ် ပြေးလွှားနေရပေမယ့် Kyungsoo
အတွက်တော့ နေ့စဉ် လုပ်ငန်းတာဝန်လို ဖြစ်နေ
ခဲ့သည်။ မကြာခဏ အမော ဖောက်ဖောက် တတ်
သောကြောင့် Appa နဲ့ ပတ်သက်ပြီး အမြဲနားစွင့်
ရသည်။ တစ်ခါ တစ်ရံ အိမ်နီးချင်းတွေ အကူအညီ
နှင့် ဆေးရုံပို့စေပြီး သူ့က အနောက်မှ လိုက်သွား
ရသော အခေါက်ပေါင်းလည်း မနည်းတော့ ။" သား ~ လာ ~ ထိုင်ဦး "
" ဟုတ်ကဲ့ "
" သား စိတ်ခိုင်ခိုင်ထားပါ ~
သားအဖေ မှာ အချိန်သိပ်မကျန်တော့ဘူး ~ "" ဗျာ "
" နှလုံး အစားထိုးဖို့ အတွက် အလှူရှင်လည်း
မရှိသေး သလို ~ ရှိလာရင်လည်း အောင်မြင်
လိမ့်မယ်လို့ အာမခံချက် မရှိဘူး ~
အသက် ကလည်း စကားပြောနေပြီ ~
သား အဖေ ရဲ့ သွေးခုန်နှုန်း က မမှန်တော့
ခွဲစိပ်ရင် အောင်မြင်ဖို့ ရာခိုင်နှုန်း နည်းတယ် "" ကျွန်တော် ဘာလုပ်ပေးသင့်လဲ ဆရာ "
" သူ့ကို စိတ်ချမ်းသာအောင် ထားပေးလိုက်ပါ
ဖြစ်ချင်တာတွေ လက်ခံပေးလိုက်ပါ ~
ဝေဒနာတွေ သက်သာအောင်တော့ ဆေးပုံမှန်
တိုက်ပေးပေါ့ "၃ နှစ်လောက် ဆေးရုံ ၏ အရေးပေါ် အခန်းထဲ
ဝင်လိုက် ထွက်လိုက် နှင့် လုပ်လာခဲ့ရသည်။
တနေ့တော့ ဒီလို အခြေအနေမျိုး ရောက်လာ
လိမ့်မည်ဟု တွေးထားသော်ငြားလည်း တကယ်
တမ်း ကြုံ လာသည့် အခါ ခံနိုင်ရည် မရှိပါ။သို့သော်လည်း ဟန်လုပ်ကာ တင်းခံထားရမည်။
အခုချိန် သူ ကိုယ်တိုင် ပြိုလဲနေလျှင်
Appa ဘယ်လိုလုပ် စိတ်ချ သွားနိုင်မည်နည်း။Omma မဆုံးခင်ကတည်းက ရောဂါရှိနေသော
Appa က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တိတ်တိတ်
လေး ကြိတ်ကုနေခဲ့သည်။ ခဏခဏ သတိလစ်ပါ
များလာ၍ ဆေးရုံ ပို့တော့မှ ရောဂါရှိနေမှန်း
သိခဲ့ရသည်။ ထို့ကြောင့် အိမ်၏ စီးပွားရေး ကို
Kyungsoo ကပင် တာဝန်ယူခဲ့သည် ။