My Candelabra
Unicode
My Candelabra
ဆေးဗန်းကို လက်နှစ်ဖက်မှ မြဲစွာ ဆုပ်ကိုင်ထားပြီး
Kyungsoo အားတင်းလိုက်သည် ။
ဦး မရှိတော့ သခင်လေး ကို ဆေးပို့ဖို့ကလည်း
သူ ပဲ ရှိသည်မို့ တက်ခွင့် မရသော အပေါ်ထပ်ကို
အရဲစွန့်ကာ တက်ရမည် ။အောက်ထပ် မှ မမှီဘဲ သန့်ရှင်းရေး လုပ်ခဲ့ရသော
လှေကားထစ်များကို နင်းဖြတ်ကာ အပေါ်ထပ်သို့
တဖြည်းဖြည်း တက်လာခဲ့သည် ။ ခြေဖျားတွေက
တဖြည်းဖြည်း အေးစက်လာသည် ။ လက်ဖျားတွေ
က တုန်ယင်ကာ ဆေး မဖိတ်အောင် မနည်း
ဂရုစိုက်နေရသည် ။သခင်လေး သူ့ကို ငေါက်လွှတ်မလား?
အိမ်ကနေ မောင်းထုတ်မလား? မသိပေမယ့်
သခင်လေး သူ့အပေါ် စိတ်ကွက်သွားမှာ
သူ အမှန်တကယ် ကြောက်မိသည် ။
စိတ်ပူလာသည်နှင့် အမျှ ဇောချွေးတို့ စို့လာသည်။" အမလေး .... Kai???? "
Kai ရဲ့ ကျောက်သား ပန်းချီက ဘာလို့
ဒီနေရာ မှာ ရှိနေတာလဲ? ။ ဦး ပြောတဲ့
သခင်လေး က အနုပညာလောက ထဲက
ဆိုတာ Kai လား? ။ ဘာတွေလဲ?။
Kai က အိမ်ထောင်ပြု ပြီး ပျော်ရွှင်နေပြီလေ ။
သခင်လေး က ကျန်းမာရေး မကောင်းဘဲ
တယောက်တည်း နေနေ ရတာလေ ။
မဟုတ်ဘူး မလား ။ လား လား မှ မသက်ဆိုင်
လောက်ပါဘူး ။သို့လော သို့လော စိတ်တို့ဖြင့် သခင်လေး ၏
အခန်း တံခါး ကို ခေါက်လိုက်သည် ။
လေး ငါး ချက်လောက် ခေါက်ပြီး သည့်တိုင်
ဘာသံ မှ မကြားရ ။ လှည့်ပြန်လိုက်ရင်
ကောင်းမလား ။ ဝင်ခွင့် မပေးချင်ဘူး ထင်တယ် ။
Kyungsoo အနောက်ကို ပြန်လှည့်လိုက်တော့
Kai ရဲ့ ကျောက်ပန်းချီကား ။ သခင်လေး များ
ဖြစ်နေမလား။ ရိုက်ချင်ရိုက် ထု ချင် ထု
Kai ဟုတ် မဟုတ် စစ်ဆေးရမယ် ။" သခင်လေး ... ကျွန်တော် ဝင်ခဲ့ပါ့မယ် "
ဘာတုံ့ပြန်သံမှ မကြားရလည်း ရဲတင်းစွာ
အခန်းတွင်းသို့ ဝင်ခဲ့လိုက်သည် ။ ခြေဖျား
လက်ဖျားတွေ ကတော့ သခင်လေး ကို
ကြောက်စိတ် ၊ Kai မဟုတ်ပါစေနဲ့ ဆိုသော
သောက တို့ကြောင့် အေးစက်နေပြီး
ခန္ဓာကိုယ် ကတော့ ပူပန်မှု အချို့ကြောင့်
ဇောချွေးတွေ ပြန်နေသည် ။