Episode - 11

2K 314 46
                                    

My Candelabra

Unicode

My Candelabra

Shopping Center ထဲမှ လိုအပ်သမျှ
ဝယ်ယူပြီး ငါးပေါင်မုန့်ဝယ်ရန် Kyungsoo နှင့်
အတူ ဆိုင်ထဲ ဝင်ခဲ့လိုက်သည် ။

" ဒီဆိုင်က ငါးပေါင်မုန့်ကို သခင်လေး က
အရမ်းကြိုက်တာလား? ဦး "

" ဟုတ်တယ် ... ငယ်ငယ်လေး ကတည်းက
ဒါပေမယ့် မစားတော့တာ နှစ်နဲ့ချီနေပြီ "

" ဘာလို့လဲ? "

" စာမေးပွဲ ပြီးတဲ့ညမှ စုပြီး ပြောပြမယ်လေ "

" ဘာလို့ အခု မပြောပြနိုင်တာလဲ? "

" လူလေး စိတ်ညစ်မှာစိုးလို့ပါ .. ဟုတ်ပြီလား
သိချင်လည်း ခဏတော့ သည်းခံ "

ဦး ပြောသလိုပဲ အသာလေး ငြိမ်နေလိုက်ရတော့
သည် ။ ဒီထက် မက အထွန့်တက် ပြောပြခိုင်းချင်
ပေမယ့် လူကြီး က တားတယ် ဆိုတော့
သိဖို့ အချိန်မကျသေးလို့ ဟုပဲမှတ်ယူလိုက်ပါသည်။

" ဒါနဲ့ ... ဦး ... သခင်လေး မွေးနေ့က
ဘယ်နေ့လဲ?"

" 14th January "

" ကျွန်တော် နဲ့ သိပ်မကွာဘူးပဲ .. ..
ကျွန်တော် သိပ်သဘောကျ တဲ့ မင်းသား
တစ်ယောက်နဲ့လည်း မွေးနေ့တူတယ် "

" ဟုတ်လား? ဘယ်သူလဲ? "

" Kai လေ ~ အခုတော့ သူက အနုပညာ
လောကထဲကနေ ထွက်သွားပါပြီ ...
သာယာလှပတဲ့ အိမ်ထောင်ရှင်ကြီး တစ်ယောက်
ဖြစ်နေလောက်ရောပေါ့ ... "

ဪ ... Kai ဆိုတာ သခင်လေး ပါဆိုတာ
မသိသေးသော Kyungsoo .....
သူထင်ထားခဲ့သည့် နေထိုင်မှုမျိုး မဟုတ်ဘဲ
နေ့ရက်တိုင်းကို နာကျင်စွာ ဖြတ်သန်းခဲ့တာ
သိသွားခဲ့ရင် ဘယ်လိုနေမလဲ? ။

" ဦး ... မျက်နှာလည်း မကောင်းဘူး ~
ကား ကို ကျွန်တော် မောင်းပေးရမလား? "

" သားက မောင်းတတ်လို့လား? "

" လိုင်စင် ရထားပြီးသားပါနော် ... "

" အေးပါကွာ.. . အခုကတော့ ဘာမှ မဖြစ်လို့
ဦး ပဲ မောင်းလိုက်ပါ့မယ်နော် "

Kyungsoo ဘာမှ ထပ်မပြောတော့ဘဲ
သီချင်းလေးကိုသာ တိုးတိုးလေး လိုက်ညည်း
နေမိသည် ။

My Candelabra Where stories live. Discover now