Episode - 9

1.6K 331 24
                                    

My Candelabra

Unicode

My Candelabra

သခင်လေး သည် မနက်စာ စားပြီးကတည်းက
အခန်းထဲ ဝင်ဝင်သွားသည် ။ နေ့လည်ကျမှ
အဆာပြေစားရန် ထွက်လာတတ်သည် ။ အရင်လို
စာဖတ်ခန်း လည်း မဝင်တော့ ။ ခြံထဲလည်း လမ်း
လျှောက် မဆင်းတော့ ။ အခန်းထဲ ၌ တစ်နေကုန်
နေသည် ။ အရင်ကဆိုလျှင် အိပ်ခန်းထဲမှ ထွက်ပြီး
ဝရန်တာ မှာ လေညှင်းခံလေ့ရှိသည် ။ သခင်လေး
ဒီရက်ပိုင်း ထူးဆန်းနေသည် ။ စိတ်ပူမိသည် ။

Yun စိတ်ပူနေရသည့် အကြောင်းကို
Kyungsoo အား ရင်ဖွင့် ပြောပြချင်ပေမယ့်
စာမေးပွဲ ဖြေနေသည်မို့ စိတ်ဖိစီးမှု မရှိစေချင် ။
ပင်ပင်ပန်းပန်း ဘာမှ မခိုင်းချင်တာတောင်
Kyungsoo လက်ရာ မှ Kyungsoo လက်ရာ ဖြစ်နေသော သခင်လေး အတွက် အချက်
အပြုတ် အလျှော်အဖွပ် တစ်ခုမှ မလစ်ဟင်းစေရ
အောင် လုပ်ပေးနေရှာသည် ။

ဒေါက် ✊ ဒေါက် ✊ ဒေါက်

သခင်လေး ခေါ်ထားတာမို့ သခင်လေး ရှိလောက်
မည့် အိပ်ခန်း တံခါးကို မှန်း၍ ခေါက်လိုက်သည် ။

" ဝင်ခဲ့ပါ "

" ကျွန်တော် ရောက်ပါပြီ "

" Yum Yum တိုင်းရင်းဆေးဆိုင် သိလား?
ကောင်းတဲ့ နေရာလေး "

" ဟုတ် .. "

" အခုတလော အားမရှိဘူး ဖြစ်နေတယ် .. 
ပင်ပန်းနေသလိုပဲ ... အဲ့ဒါ အားဆေးလေး
တစ်ဖုံလောက် စပ်လာပေးလေ "

" ဟုတ်ကဲ့ ခဏနေပဲ သွားလိုက်ပါ့မယ် "

သခင်လေး ထူးဆန်းနေသည် ။ အလွန့် အလွန်ကို
ထူးဆန်းနေသည် ။ ငယ်ငယ်လေး ကတည်းက  တိုင်းရင်းဆေး ဆိုလျှင် ဘယ်တော့မှ မသောက် ဘယ်လိုတိုက်တိုက် မရသော သခင်လေးသည်
စိတ်လိုလက်ရ ဆေးတွေ ဘာတွေ စပ်ခိုင်းနေပြီ ။

" နောက်ပြီး ပြန်လာရင် ကြက်ကြော် ၃ဘူး ဝယ်
လာခဲ့ "

" ၃ ဘူးတောင် "

" Yum Yum တို့လည်း စားရအောင်လေ ...
သွားတော့ မြန်မြန် ဗိုက်ဆာနေပြီ ... "

" ဟုတ်ကဲ့ပါ သခင်လေး ... "

သခင်လေး က ပြုံးသည် ။ ရယ်သည် ။
စကားအများကြီး ပြောသည် ။ တစ်နည်းအားဖြင့်
အခြေအနေတွေ တိုးတက်လာပြီ ။ သို့သော်
တွေးတွေးပြီးတော့လည်း စိုးရိမ်မိသည် ။ ဘာကို
စိုးရိမ်နေလို့ စိုးရိမ်မှန်း မသိ ။

My Candelabra Where stories live. Discover now