Episode - 4

1.5K 273 17
                                    

My Candelabra

Unicode

My Candelabra

ဟင်းတွေ ထည့်သွားသည့် ဘူးများကို
သယ်ပြီး အိမ်သို့ပြန်လာခဲ့သည်။ အလိုက်သိလွန်း
သော Kyungsoo က ဒုတိယအကြိမ်
တံခါးဖွင့်၍ ကြိုဆိုပြန်သည်။ အငွေ့တထောင်း
ထောင်းနှင့် စားချင်စဖွယ် ထမင်းဝိုင်းကလည်း
အဆင်သင့်ပေါ့ ...။

" သူဌေးက စား ပြီးသွားပြီလား ... ဦး .... ? "

" ဟူး .... "

" ကျွန်တော့်လက်ရာကြောင့်
အဆူခံလာရတာလား? .... ဟင်???
မျက်နှာလည်း မကောင်းဘူး .... "

သခင်လေး ထမင်းမစားခင်အထိ စိတ်မောလူမော
ဖြစ်ခဲ့ရတာမို့ အိမ်အရောက် သက်ပြင်းချမိသည်ကို
ခလေးငယ် တစ်ယောက် စိတ်ပူနေပုံရသည်။
သေသေချာချာ မသိရှာဘဲ ကျွန်တော့် အတွက်
စိတ်ပူပေးသည့် မိသားစုဝင် ရှိလာပြီ။ စိတ်ပူ
ပေးမယ့်သူ ရှိလာပြီ။ မျက်ရည်များ အိုင်ထွန်း
လာသည့် ခလေးငယ် ကို ခေါင်းလေး ပွတ်ပေးကာ
ပြုံးပြလိုက်ရင်း ....

" အဆူမခံရပါဘူး ... သား ရယ် "

" ဟင်? "

" ထမင်းပြင်ထားတာလား? ဆာရောပေါ့ ..
လာ .. ထမင်းစားရင်းပြောပြမယ် ... "

" ဟုတ် ..."

ခေါင်းညိမ့်ပြပြီး ထမင်းတွေ ခူးထည့်နေသည့်
Kyungsoo ကို ကြည့်ရင်း ......
Yun တစ်ယောက် ကြည်နူးမှုက အဖြာဖြာ ....
နောက်တစ်ခါဆို သက်ပြင်းကိုတောင်
ခပ်ပြုံးပြုံးချ နိုင်ဖို့ ထိုကလေးအတွက် Yun လေ့
ကျင့်ရမည် ။

" သူဌေးက ပြောတယ် ... မီးဖိုခန်းကို
သား တာဝန်ယူပေးစေချင်တယ်တဲ့ ... 
သား သုပ ်ပေးလိုက်တဲ့ အရွက်သုပ် ကို
အတော်သဘောကျတယ် ထင်တယ် ...
နေ့တိုင်း သုပ်ပေးခိုင်းနေတယ် ... သား လုပ်နိုင်ပါ့
မလား? ... "

" ဪ ...
ဒါကြောင့် သက်ပြင်းတွေချနေတာလား?
မပူပါနဲ့ ... ကျွန်တော်လုပ်နိူင်ပါတယ် ...
အိမ်မှာနေပြီး အလုပ်မရှိရင်သာ နေရထိုင်ရခက်
မှာ .. အဲ့ဒါကြောင့်ဆို စိတ်မပူနဲ့တော့နော် ဦး .. "

ထမင်းခူးနေသော Kyungsoo သည်
ငိုမဲ့မဲ့ မျက်နှာမှ ပြုံးပြုံးရွှင်ရွှင်ဖြစ်လာသည်။
အဘယ်ကြောင့် သက်ပြင်းချမိသည်ကိုတော့
Yun မပြောတော့ပါ ။ အမှန်က ပင်ပန်းသွား
လို့ ဆိုတာကိုပေါ့ ... ။ ဂရုစိုက်တာ ခံချင်မိလို့ပါ။

My Candelabra Where stories live. Discover now