My Candelabra
Unicode
My Candelabra
အားအင်အပြည့်နှင့် လန်းဆန်းသော Kyungsoo သည် စာတွေကိုလည်း ပိုင်ပိုင်
နိုင်နိုင် ရနေပြီ ဖြစ်တာမို့ သခင်လေး အတွက်
မနက်စာကို စိတ်အေးလက်အေး ပြင်ပေးနေသည်။
မျက်နှာလေးတောင် မမြင်ဖူးပေမယ့် သခင်လေး၏
ကျေးဇူးတွေက Kyungsoo အပေါ်များလှသည်။စားဖို့နေဖို့ ပညာသင်ဖို့ အတွက်ပါ မပူပင်ရသည့်
အပြင် ပိုင်ရှင်ဆိုသည့် အာဏာစက် တစ်ခုပင်လျှင်
Kyungsoo အပေါ် တိုက်ရိုက် မသက်ရောက်ခဲ့။
အိမ်ကြီးကို စည်းကမ်းတင်းကြပ်လွန်း၍ အရင်က
ကြောက်ခဲ့သည် ။လန့်လည်းလန့်သည်။သို့ပေမယ့်
အချိန်ကြာလာသည်နှင့်အမျှ စည်းကမ်းနှင့် အသား
တကျ ရှိလာသော Kyungsoo အဖို့ အေးအေး
လူလူ ဖြစ်လာသည် ။ ထို့အတွက် လည်း အိမ်ကြီး
၏ အရှင် သခင်လေး ကို ကျေးဇူးတွေ အထပ်ထပ်
တင်နေမိသည် ။ ဦး ကိုကျတော့ အနီးကပ် ပြုစုခွင့်
ရပေမယ့် သခင်လေးကျတော့ အဝေးကနေပဲ
ဝေယျာဝိစ္စ တချိူ့သာ လုပ်ပေးရပြီး ကျေးဇူးပြုရသည် ။" အင်း း း မျက်နှာလေးပြည့်ပြီး လန်းနေတယ် ... ဆေးက အာနိသင် အတော်လေး ရှိတယ်
ထင်တယ် ... မနက်စာသာ ပြင်နေတာ စာကော
ရပြီလား မသိဘူး .... "Screen ပေါ်တွင် ပေါ်နေသော
ဟင်းချက်နေသော ရုပ်ပုံ လေး ကို လက်ဖျားလေး
နှင့် ထိတွေ့ရင်း အတွေးစတို့ နယ်ချဲ့နေမိသည် ။
ဟုတ်ပါသည် ။ Jongin မနက်တိုင်း အစောကြီး
ထဖြစ်နေသည်မှာ Kyungsoo ကိုတွေ့ပြီး
နောက်ရက်ကတည်းက စတင်ခဲ့တာ ဖြစ်သည် ။
အိမ်ခန်းငယ်ထဲမှ လမ်းလျှောက်တာက အစ ...
ဟင်းချက် ... သန့်ရှင်းရေး ... Jongin အင်္ကျီများ
လျှော်ဖွပ်ပြီးသည့် တိုင်အောင် screen ပေါ်မှ
အမြဲတမ်း စောင့်ကြည့်နေဖြစ်သည် ။ Kyungsoo ကို မြင်နေရရင် နာကျင်စရာတွေ
ပင်ပန်းတာတွေ အတိတ်တွေ ပစ္စုန်ပ္ပန် တွေ
အနာဂတ်တွေ ဘာမှ မရှိသောဘဲ Jongin စိတ်အတွင်း အမြဲတမ်း ကြည်လင်နေသည် ။" ပြီးပြီ ... ကျောင်းသွားဖို့ ပြင်ဦးမှ "
ထွက်သွားသည့် Kyungsoo ကိုcctv အကွက်
များမှ တဆင့် တစ်ကွက်ပြီး တစ်ကွက် လိုက်ကြည့်
မိပြန်သည် ။ ထို့နောက် ဖုန်းဖွင့်ကာ Yun Yun ဆီ ခေါ်လိုက်သည် ။