Episode - 6

1.6K 296 11
                                    

My Candelabra

Unicode

My Candelabra

Yun အိမ်၏ အပေါ်ထပ်မှ အဝတ်ခြင်းကို ယူပြီး
အဝတ်လျှော်ရန် အောက်ထပ်က ရေချိုးခန်း ထဲ
ထားလိုက်သည် ။ စားပြီးသား ပန်းကန်တွေ
ဆေးရန် ထမင်းစားခန်းထဲ ဝင်လိုက်တော့ ...
Kyungsoo ရောက်နေသည် ။

" ဦး ... သူဌေး အပေါ်တက်သွားပြီမလား?
ကျွန်တော် ပန်းကန်ဆေးပေးဖို့ အချိန်ကိုက်
ပြန်လာခဲ့တာ ... တော်တယ် မလား? .."

" အတော်ဆုံးပါပဲဗျာ ... "

" ဟီးဟီး.. "

" ဒါနဲ့ သခင်လေး က နေ့လည် ကြက်သားကြော်
စားချင်တယ်တဲ့ ... "

" ဟုတ် ... ကြော်မယ်လေ ..  ကျွန်တော်တို့
အတွက်လည်း ပိုကြော်ပြီး စားရအောင် ..
ဒါပေမယ့် ကြက်သား မရှိဘူး ... အခြားလိုတဲ့
ဟင်းချက်စရာတွေလည်း ဝယ်ချင်တယ် ..  "

" အဲ့ဒါဆို ပန်းကန်ဆေးပြီးရင် ကျောင်းကိစ္စ
သွားရမယ် ... အပြန်ကျရင် ဈေးဝင်ဝယ်တာပေါ့
အခု ပန်းကန်ဆေးထားလိုက် ... ဦး က
သခင်လေး အဝတ်တွေ သွားလျှော်ထားလိုက်မယ်"

" အဝတ်လျှော်စရာတွေ ရှိနေတာလား?
ကျွန်တော့် အဝတ်လည်း လျှော်စရာ ရှိတယ်
ပြန်လာမှ ကျွန်တော် တခါတည်း လျှော်လိုက်မယ်
အိမ်ပဲ သယ်သွားရအောင် "

" ဒါတွေက လုပ်နေကျတွေပါ "

" ကျွန်တော်လည်း လုပ်နေကျပါနော် ...
နေရာ အသစ်မို့ အသားမကျနေဘူး ... လုပ်စရာ
မရှိရင် နေရထိုင်ရ ခက်မှာကြီး ... ကျွန်တော့်ကို
ကူညီပါနော် "

မျက်လုံးလေး ပေကလပ် ပေကလပ် နှင့်
ချစ်စဖွယ်ပြောနေသော ခလေးငယ် ကို Yun
ကြည့်ရင်း သံယောဇဉ် တို့ ပိုရပြန်သည်။
Kyungsoo ကို ကြည့်ရင်း သဘောကျစွာ ...

" အေးပါကွာ .. ခင်ဗျားလေး သဘောပါ "

ဟုသာ ဖြေပေးလိုက်တော့သည် ။ နေရာ အသစ် မှာ နေထိုင်ရ ခက်မည်မှာ အသေအချာပင်။
သို့သော် Kyungsoo သည် နေရာ ဒေသ
အလိုက် လိုက်လျော ညီထွေစွာ နေတတ်ပြီး
ကျေးဇူး သိတတ်သူဖြစ်သည်။

Kyungsoo ၏ တစ်နေ့တာ အချိန်ဇယားသည်
ကျောင်းကိစ္စ သွားလုပ်လိုက် ... ဈေးဝယ်ထွက်
ကြက်သားကြော်.. . အိမ်ပြန် အဝတ်လျှော်.. .
အိမ်ကြီးဆီသွားပြီး သူဌေး အတွက် ညစာပြင် ...
Arjushi နဲ့ သူ့အတွက် ညစာပြင် ...
အလုပ်တွေ များလွန်းလှသည် ။

My Candelabra Where stories live. Discover now