My Candelabra
Unicode
My Candelabra
နှလုံးသား မှ နာကျင်မှုကို မခံနိုင်စွာ
ပြက်ရယ်ပြု လှောင်ရယ်သံ တချို့ကို အခန်းထဲ၌
ခပ်အုပ်အုပ်ကြားနေရသည် ။ မျက်ရည်တချို့က
လည်း မေးစေ့ဖျား အနားဝယ် တစက်စက်ကျကာ
လှောင်ရယ်သံတွေ နှင့်အဖော်ပြုကာ
ကခုန်နေသည်။ ကူကယ်ရာ မရှိ ။ ဆုပ်ကိုင်ထား
စရာမရှိ ။ နွံထဲ နစ်နေသည့် လူတစ်ယောက်
ထပ်နစ်မသွားအောင် ငြိမ်သက်နေသလို
ငြိမ်နေမိသည် ။" ဘာလို့လဲ? "
ဘယ်ဘဝတေွက ဝဋ်ကြွေးတွေကြောင့်လဲ။
ဝဋ်ကြွေးရှိရင် တခါတည်း ကျေအောင် ဆပ်
ပစ်လိုက် ချင်သည် ။ တကယ်ချစ်မိသွားရင်
နာနာကျင်ကျင် နှင့် လူးလှိမ့်နေအောင်
ခံစားရတာချည်း ။" အာ့ ... အား ... အား !!!!! "
ခြေဖျား မှ တဆစ်ဆစ် ကိုက်ခဲလာမှု ကို
အော်ဟစ်ညည်းတွားရင်း လက်နှစ်ဖက်ဖြင့်
ဖိဆုပ်ထားလိုက်သည် ။ အခုလို မဖြစ်တာကြာပြီ။
နောက်ဆုံး တစ်ခေါက်ဖြစ်လိုက်တာ
Kyungsoo ကို ပထမဦးဆုံး တွေ့ရသည့်နေ့။
ဒီနေ့မှာပင် ၂ ခေါက်ပြန်ဖြစ်လိုက်သည် ။
လက်နှစ်ဖက်ဖြင့် နှိပ်နယ်ရင်း ကုတင်ခေါင်းရင်းရှိ
ဆေးဘူးကို ယူပြီး သောက်လိုက်သည် ။
တစ်မှေးလောက် အိပ်ပျော်သွားချင်သည်။
နာကျင်မှုတွေများ သက်သာလို သက်သာငြားပေါ့။
ခန္ဓာကိုယ် က နာကျင်မှုကော နှလုံးသား က
နာကျင်မှုတွေကောပေါ့ ။ သို့သော် သူသောက်
လိုက်တာ အိပ်ဆေးတော့ မဟုတ် ။************************************************************************************
Kyungsoo ဆေးကို အေးအေးဆေးဆေး
ကျိုနေတုန်း Yun နဲ့ လေပေါရအောင် ဖုန်းခေါ်
လိုက်သည် ။ စာမေးပွဲ နောက်ဆုံးနေ့ သခင်လေး
အကြောင်း ပြောပြမည်ဟုလည်း ကတိပေးထား
သည် ။" ဦး ... ညစာစားပြီးပြီလား? "
" ပြီးပြီ "
" သခင်လေး အကြောင်းပြောပြတော့ ...
ကတိတည်တော့ ... "