My Candelabra
Unicode
My Candelabra
စားပွဲပေါ်တွင် တည်ခင်းပြီးသား ဟင်းပန်းကန်များ
စီထားသည် ။ ရေဖန်ချိုင့်ထဲမှ ရေတစ်ခွက်ကို
Yun Yun မှ ငှဲ့ပေးနေသည် ။ တိတ်ဆိတ်နေ
သော ထမင်းစားခန်းသည် ခါတိုင်းနှင့် မတူ ။
ရေစက်ကျသံ နှင့် အတူ စိတ်လှုပ်ရှားနေသူ
တစ်ဦးလည်း ရှိသည် ။# Kim Jong In .....
သိချင်သည်ကို မေးရနိုးနိုး မေးရနိုးနိုး ဖြင့်
ချီတုံချတုံ ဖြစ်ရင်း Jongin လက်များ အေးစက်
လာသည် ။ ဂဏာမငြိမ်ဖြစ်နေသည့် Jongin ကို
သတိ မပြု ဘဲ Yun Yun တစ်ယောက်
လုပ်စရာ ရှိသည်များကိုသာ လုပ်နေတော့သည်။" Yun Yun "
" ဗျာ .. သခင်လေး .. "
" ဟို .. ဟိုလေ မနေ့က ခြံထဲမှာ တွေ့တဲ့
ကောင်လေး က Kyungsoo လား? "နာမည်သာ ရင်းနှီးဖူးပေမယ့် လူကိုတော့
တစ်ခါမှ မမြင်ဖူးပါ . ..... ခြံထဲက အခြားခန့်
ထားသည့် အလုပ်သမား များ ကိုတော့
Jongin မြင်ဖူးပါသည်။ ကိုယ်ရေး ဖိုင်မှာရယ်
တစ်ခြံလုံး အနှံ့တပ်ထားသည့် CCTV တွေကနေ
တဆင့်ရယ် မြင်ဖူးပါသည်။" ဟုတ်ပါတယ် သခင်လေး ... ဒါနဲ့ သခင်လေး က
Kyungsoo ကို မမြင်ဖူးဘူးလား? "လူတိုင်းကို ကိုယ်တိုင် ထွက်မတွေ့ပေမယ့်
CCTV ကနေ တဆင့် မြင်ဖူးနေမည်ဟု
Yun Yun ထင်သည် ။ Kyungsoo ကို
မမြင်ဖူးဘူး ဆိုတာတော့ သခင်လေး ထူးဆန်း
သည် ။" ဟုတ်တယ် .. သူ ထမင်းလာချက်တဲ့အချိန်က
ကျွန်တော် အိပ်ရာ မထသေးဘူး ... နေ့လည်လည်း သူက ကျောင်းသွားတော့ ခြံထဲမှာ မရှိဘူး
ညနေလည်း ကျွန်တော် စာဖတ်ခန်း ဝင်တဲ့အချိန်မှ
ပြန်လာတာ မလား? "" ဟုတ်ပါတယ် သခင်လေး "
Kyungsoo အကြောင်းကို တခုတ်တရမေးနေ
ပြန်သည် ။ သခင်လေး ပို၍ တိုးတက်လာပြီ ။
Yun အပြင် နောက်ထပ်လူတစ်ယောက်၏
အကြောင်းကို သခင်လေး စိတ်ဝင်စားလာပြီ ။
ဘာမှ ဆက်မမေးတော့ဘဲ ထမင်းသာ စတင်
သုံးဆောင်နေပြီ ဖြစ်သော သခင်လေး ကို Yun
ဘာမှ ဆက်မမေးဖြစ်ပါ ။ ထို့အတူ သခင်လေးက
လည်း Yun ကို ဘာမှ ဆက်မမေးဖြစ်တော့ပါ ။