Episode - 3

1.8K 306 18
                                    

Unicode

My Candelabra

Appa ၏ ဈာပန အခမ်းအနား ပြီးမြှောက်သွား
တော့ Arjushi Yun ခေါ်ရာသို့ လိုက်ခဲ့ရသည်
ငယ်ငယ်လေး ကတည်းက နေလာခဲ့သည့်
အိမ်ငယ်လေး ကို အိမ်နီးချင်းတွေ နား အပ်ကာ
သော့ပိတ်ခဲ့ရသည် ။ ကိုယ့်ဝမ်းစာ ကိုယ်ရှာဖွေ
စားသောက်ကာ တစ်ယောက်တည်း ရပ်တည်ပြီး
နေထိုင် နိုင်ပေမယ့် Appa ၏ ဆန္ဒဆိုတော့
လည်း မငြင်းသာ။

Arjushi Yun လာခေါ်သည့် ကားနှင့်
ပစ္စည်း အနည်းငယ် ထည့်ကာ လိုက်ပါလာရင်း
မျက်ရည်စတို့က ရစ်ဝဲချင်လာသည်။ မိမိ အိမ်မှ
၃ နာရီလောက် ကားစီးပြီးချိန် ကားထိုးရပ်လိုက်
သည်။

" သား Kyungsoo ~
ဒီအိမ်က ဦး ရဲ့ သူဌေးအိမ်ပဲ ~ ဦး က မိသားစု
မရှိတဲ့ တစ်ကောင်ကြွက်ဆိုတော့ ဒီမှာပဲနေတယ်
အခု သားက ဦး နဲ့ အတူ လိုက်နေရမှာဆိုတော့
ဒီမှာပဲ နေရမှာ ~ "

" ဦး ရဲ့ သူဌေး က ခွင့်ပြု လို့လား? "

" ခွင့်ပြု လောက်မှာပါ ~ ဒီရက်ပိုင်း သား အဖေ ရဲ့
ဈာပန ကိစ္စ နဲ့ မအားလို့ ကြိုတင်ပြီး ခွင့်မတောင်း
ခဲ့ရဘူး ~ "

" ဟုတ် ~ "

မှီတွယ်စရာရယ်လို့ Appa သတ်မှတ်ပေးခဲ့သည့်
Arjushi Yun အပေါ်မှာ သူဟာ ဝန်ထုပ်ဝန်ပိုး
တစ်ခုများ ဖြစ်နေမလား? တကယ်ဆို တစ်ယောက်
တည်း နေလည်း ရပေမယ့် Appa ပြောသလို
အရိပ်လိုအပ်၍သာ လက်ခံလိုက်သည်။ လက်ခံမှ
သာ Appa စိတ်ချ လက်ချ မျက်စိမှိတ်နိုင်လိမ့်
မည်။

" လာ ~ အထုပ်တွေ သယ်ခဲ့ "

Kyungsoo အထုပ်တွေ သယ်ယူရင်း
အိမ်ကြီးဘေးမှ အဖြတ် ~ ခမ်းနားမှုကို
အထူးအဆန်း ဖြစ်နေမိသည်။ အိမ်၏
အလုပ်သမားတို့ နေသော အိမ်၌ အထုပ်များ
နေရာ ချ အပြီး ~

" နားလိုက်ဦးနော် ~ ဦး ~ သူဌေးနဲ့
သွားတွေ့လိုက်ဦးမယ် ~ သူ က နေခွင့်ပြု
လောက်မှာပါ ~ ဦး က သူ့ရဲ့ လူယုံလိုမျိုး ဖြစ်နေ
တော့ ခွင့်ပြု ပေးမှာပါ ~ စိတ်မပူ နဲ့ ဟုတ်ပြီလား?
သူဌေး က အပြင်က လူတွေ ဝင်လာမှာကို
သိပ်သဘောမကျ တတ်လို့ ခွင့်မပြုဘူး ဆိုလည်း
တစ်မျိုး စဉ်းစားပြီး စီစဉ်ကြတာပေါ့ ~ "

My Candelabra Where stories live. Discover now