Episode - 5

1.5K 283 9
                                    

My Candelabra

Unicode

My Candelabra

Kyungsoo ဟင်းအမယ်တွေ အားလုံးနီးပါး
ပြင်ဆင် ခင်းကျင်း ပြီးနောက် တစ်မျိုးသာကျန်သည့်
သူဌေး သုပ်ခိုင်းထားသော အရွက်နယ်နေစဉ်
အိမ်အပေါ်ထပ်မှ တစ်စုံတစ်ယောက်ဆင်းလာ
သည့် အသံကြားရသည် ။ ခြေသံပိုင်ရှင်က
သူဌေး ဖြစ်ဟန်တူသည်။ ဖိနပ်ခွာအသံ တဒေါက်
ဒေါက် ကြားနေရသည်။

နာရီကြည့်လိုက်တော့ ၇ နာရီခွဲ ...
ဟိုက် ... ပျားတုပ်ပြီ ... နောက်ရက် ဒီထက်စော
လာမှ ဖြစ်တော့မည် ... ။

ဖိနပ်အသံ တစ်ချက်ကြားတိုင်း Kyungsoo
ရင်တွေ အတိုင်းအဆမဲ့လှုပ်ရှားလာသည် ။
အရွက်နှယ်နေသည့် လက်တွေလည်း
စက်တပ်ထားသလို မြန်ဆန်လာသည်။
နယ်ပြီးသည်နှင့် အဆင်သင့်ချထားသော ပန်းကန်
ထဲ ထည့်ကာ အလျင်အမြန် နေရာချပြီး
အမောတကော နှင့် အိမ်ကြီးထဲမှ သုတ်ခြေတင်
ထွက်လာခဲ့သည် ။ အိမ်အပြင်သို့ ရောက်ခါမှ ...

" အမလေး ... မောလိုက်တာ ... ကပ်သီးလေးပဲ
သူဌေး သာတွေ့သွားရင် ဦး က ဒုက္ခ ရောက်ဦး
မယ် "

Kyungsoo တစ်ယောက် နဖူးမှာ စို့နေသော
ချွေးတွေကို သုတ်လိုက်ရင်း အိမ်ဘက်သို့
ပြန်လျှောက်လာခဲ့သည် ။ သူ ထမင်းဆာနေပြီ
လေ။ မနက်စာ စားရဦးမည် ။

" Kyungsoo ပြီးခဲ့ပြီလား? "

" ဟုတ် ... မနက်စာ စားပြီးခဲ့ပြီလား? ဦး "

" အင်း .. ပြီးခဲ့ပြီ .. သားအတွက် ပြင်ခဲ့ပေးတယ်
သခင်လေး ကို ဆေးတိုက်ပြီးရင် ပြန်လာခဲ့မယ်  "

" ဟုတ် "

Arjushi ကို ခေါင်းညိမ့်ပြကာ မနက်စာ စားရန်
အိမ်သို့သာ ပြန်ခဲ့လိုက်တော့သည် ။

🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

Yun အိမ်ကြီးထဲ ဝင်လာတော့ သခင်လေး
ထမင်းစားနေပြီ ဖြစ်သည် ။ Kyungsoo
ပြင်ပေးသည့် ထမင်းပွဲကို သဘောကျပုံရသည်။
သခင်လေး မျက်နှာကြည်လင်နေသည်။

" ထမင်းစားလို့ကောင်းရဲ့လား သခင်လေး "

" Yun Yun ကော တစ်ခါတည်း လိုက်စား
ပါလား "

My Candelabra Where stories live. Discover now