Episode - 7

1.7K 310 18
                                    

My Candelabra

Unicode

My Candelabra

အဝတ်ထည့်ထားသည့် ခြင်းကို Yun ယူပြီး
သခင်လေး ၏ အဝတ်ဘီရိုထဲ စီပြီး ထည့်ပေး
ထားလိုက်သည် ။ သခင်လေး၏ အင်္ကျီအနံ့တို့
သည် စတော်ဘယ်ရီသီး ရနံ့ပြောင်းလဲနေခဲ့သည်
မှာ ၅ လ ပင်ကြာမြင့်ခဲ့လေပြီ ...  ။ ဟုတ်သည်။
Kyungsoo ဒီအိမ်ကြီးကို ရောက်ရှိလာသည်မှာ
၅ လ တောင် ရှိခဲ့ပြီ။

သခင်လေး ၏ အဝတ်ကို
အရင်က ရိုးရိုးဆပ်ပြာ ဖြင့်သာ Yun လျှော်ပေး
ခဲ့သော်လည်း Kyungsoo က အမွှေးဆီလေး
နှင့် စိမ်ပြီး မီးပူကို ကော့နေအောင် ထိုးပေးတတ်
သည်မို့ သခင်လေး က သဘောကျသည်။
ထို့ကြောင့် ဟင်းချက်ပေးရသည့် အလုပ်အပြင်
အဝတ်လျှော်ပေးရသည့် အလုပ်ပါ Kyungsoo
တာဝန် ယူလိုက်ရပြန်သည်။

" Yun Yun ညနေဖက် ခြံထဲမှာ ကျွန်တော်
လမ်းလျှောက်ချင်တယ် .... "

" ဗျာ ... သခင်လေး ...  T~T 😭😭😭 "

သခင်လေး ၏ စကားကြောင့် Yun တစ်ယောက်
မကြီးမငယ် နှင့် ဝမ်းသာ ပီတိ ဖြစ်ပြီး အော်ငိုမိ
တော့သည်။

" Yun Yun က ကလေး ကျနေတာပဲ ...
ဒါလေးကို "

" ဘာကို ဒါလေး လဲ ... သခင်လေး သိလား?
သခင်လေး အိမ်အပြင် မထွက်တာ ၃ နှစ် နဲ့
၆ လ ရှိနေပြီ... 😭 သခင်လေး ကို အရင်လို
ပြန်ဖြစ်စေဖို့ ကျွန်တော် ဘယ်လောက်အထိ
မျှော်လင့် ထားလဲ သိလား? 😭 သခင်လေး က
သိမယ့်ပုံလည်း မပေါ်ပါဘူး 😭 "

နှုတ်ခမ်း တလန် ပန်းတလန် ဖြင့် ပြောနေသော
Yun Yun ကို ရုပ်တည်ကြီး နှင့် Jongin
ဟောက်လိုက်သည်။

" အော်ဟော ... ကိုယ့်သူဌေး ကိုယ် ပြန်ဆူနေ
တာလား? .. အလုပ်ထုတ်ပစ်မှာ မကြောက်ဘူး
လား? "

" ကြောက်စရာလား? သခင်လေး မောင်းထုတ်ရင်
တောင် လုံး၀ မသွားနိုင်ပါနော် 😌 "

ကောင်းရော ... Yun Yun က Jongin  အတွက်
ကျန်ခဲ့သော အမွေများထဲမှ တန်ဖိုးအရှိဆုံး
သက်ရှိအမွေပါ ... Yun Yun လို သစ္စာ ရှိတဲ့
သူကို အနားမှာ ထားပေးခဲ့လို့ ကွယ်လွန်သွား
သည့် မိဘတွေကို ကျေးဇူးတင်မိသည်။

My Candelabra Where stories live. Discover now