Episode - 12

1.7K 340 16
                                    

My Candelabra


Unicode

My Candelabra

Kyungsoo တစ်ယောက်
မနက်စောစော ထမင်းပင် မစားနိုင်ဘဲ
ထသွားတော့မည့် Yun နောက်ကို ပွစိပွစိပွား
နေရင်း အနောက်ကနေ တောက်လျှောက်လိုက်လာသည် ။

" ဦး ကလည်း ကျွန်တော် စာမေးပွဲ ဖြေပြီးမှ
အတူသွားရအောင်ပါဆို ... "

" သား ကို စောင့်ရင် ညနေ ပြန်မရောက်ဘဲ
နေမှာပေါ့ ... ညနေ အမှီ ပြန်လာရအောင်
အစော ထွက်မှ ရမှာ "

" အဲ့ဒါဆိုလည်း ညအိပ်လိုက်မှာပေါ့
ဘာခက်တာမှတ်လို့ "

" ဦး ကော Kyungsoo ကော သွားရင်
သခင်လေး က ဘယ်လိုလုပ်မလဲ? သားရဲ့ "

" ဟွန့် ... ပြီးရော ... "

" စာမေးပွဲကောင်းကောင်းဖြေနော် ... "

" ဟုတ်ကဲ့ ... ဒါနဲ့ နေပါဦး ...
ဦး အရင်က သွားတော့ သခင်လေး ဘယ်လို
စားလဲ? "

" ဪ ... ဦး က မနက် ၃ နာရီခွဲလောက်
ကတည်းက ထပြင်ပေးထားတာ ... မနက်စာ
ကော ညစာကော တခါတည်း ပြင်ပေးခဲ့ရတယ် "

" ဪ .... "

" သွားတော့မယ်နော် ...
အိပ်ချင်ရင် ပြန်အိပ်လိုက်ဦး"

" ၅ နာရီ ပဲ ခွဲနေပြီ ... ပြန်မအိပ်တော့ပါဘူး ..
မနက်စာ ပြင်လိုက်တော့မယ် ... ဦးလည်း
လမ်းမှာ တစ်ခုခု ဝင်စားသွားနော် ... ပြီးတော့
ရောက်ရင်လည်း ဖုန်းဆက် ... ကျွန်တော် ဖုန်း
မကိုင်နိုင်ရင်လည်း စာပို့ထား ... ပြီးတော့
အဝေးကြီးသွားရမှာ ကားကိုဂရုစိုက်ပြီး ဖြည်းဖြည်း
မောင်း ... အရမ်းနောက်ကျနေရင်လည်း
ညအိပ်ရင် အိပ်လိုက် သခင်လေး ကို စိတ်မပူနဲ့
ကျွန်တော် ရှိတယ် "

" ဟုတ်ပါပြီ ... သားရယ် ... သွားပြီနော် "

သူ့၏ မှာတမ်းစကား အရှည်ကြီးကို စိတ်ရှည်
လက်ရှည် နားထောင်ပေးပြီး အေးဆေးစွာ
မောင်းထွက်သွားသော ကားကို အသာလက်ပြ
ကာ ကျန်နေခဲ့လိုက်သည် ။

သခင်လေး ကော ဦး ကော သိပ်သနားဖို့
ကောင်းသည် ။ ဦး ကလည်း မနက်အစောကြီးထ
ချက်ပြုတ်ပြီး ကား အဝေးကြီး မောင်းသွားရသည်။
ညနေခင်းလည်း အမှီ ပြန်လာရသေးသည် ။

My Candelabra Where stories live. Discover now