Ep-1

1.3K 57 3
                                    

ပူပြီး ၍ အိုက်စပ်သော လတစ်လ ထိုလအား March လဟုခေါ်သည်။ထို အိုက်စက် မှုအား အံတုရန် ရေချိုးခန်းထဲ ဝင်၍ ရေချိုးဖို့ ပြင်လိုက်၏။ထိုလူသားသည် ခန့်ညီထက် ဟုခေါ်သော လူသားတစ်ဦးသာ..ရေချိုးပြီးသည်နှင့် ခုတင်ပေါ်၌ မည်သည့် အချိန်ကတည်းက အမေ ထုတ်ပေးခဲ့သည် မသိသော အဖြူနှင့်အစိမ်း ဝမ်းဆက်ရှိသည့် အကျီင်္နှင့်ပုဆိုးအား ကြည့်၍ အိပ်ယာနိုးထဲကပင် မရေတွက်နိုင်အောင် လုပ်မိနေသော သက်ပြင်းအား 'ဟူး' အသံထွက်အောင်ပင် ချမိလိုက်သည်။ထို့နောက် မေမေ ထုတ်ပေးထားသော ကျောင်းစိမ်းဝတ်စုံအား ဝတ်၍ ဘီဒိုနဲ့တွဲရက် ပါသောမှန်ထဲအား တစ်ချက်ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်ပြန်သည်။
ဒီနေ့က Marchလ ၇ရက်နေ့ တခြားသော ၈တန်းကလေးများကတော့ ကျူရှင်တက်သူကတက် အိမ်တွင်းအောင်းသူကအောင်းနေကြသော်လည်း ခန့်ညီထက် အဖို့ကတော့ ၈တန်းကျောင်းသား အမည်ခံကာ ကျောင်းတက်ရပေဦးမည်။ ခန့်ညီသည် အရင်က Goverment school တက်ခဲ့သော်လည်း ယခုတွင် Private school ဟူသော ပုဂ္ဂလိဂ ကျောင်းအား အမေဖြစ်သူက တက်စေချင်၍ အသက် ၂နှစ်ကွာသော အကိုဖြစ်သူ ၁၀တန်းကျောင်းသား မျိုးညီထက် နှင့်အတူတက်ရပေ ဦးမည်။ခန့်ညီထက်မှာ ငယ်စဉ်ထဲကပင် အနေအေးသော သူဖြစ်သလို သူငယ်ချင်းလည်း များများစားစား မရှိ။ အစိုးရကျောင်း ၌သာ ခင်မင်သည့် သူငယ်ချင်း တစ်ယောက်နှစ်ယောက်သာ ရှိသည်။ယခုလည်း ကိုနဲ့မရင်းနှီးတဲ့ နေရာသို့ သွားရမှာ ခန့်ညီထက် ကြောက်ရွံ့နေမိသည်။ထို့သို့ အတွေးထဲ မျောနေရင်း အခန်းရှေ့မှ ကျယ်လောင်စွာအော်နေသော အမေ အသံကြောင့် အတွေးတွေ ကြက်ပျောက်ဌက်ပျောက် ဖြစ်ကာ အခန်းထဲက အမြန်ပြေးထွက်မိတော့သည်။
အခန်းအပြင်ရောက်သည်နှင့် အကိုဖြစ်သူ မျိုးညီထက် ကိုတွေ့ပြီး ရီရပြန်သည်။မျိုးညီထက် ဆိုသောသူသည် အရမ်းကြီး မဟုတ်သော်လဲ အနဲငယ် ဝ၏။အခုလဲ private sch uniform အားဝတ်သည်မှာ သူနှင့် လုံးဝ လိုက်ဖက်မှုမရှိ။ကောက်ညင်းထုပ်အားအနှီးပတ်ထားသလို 😂'ခွီး'ခနဲ ရီပြီးမှ အကိုဖြစ်သူ လှည့်ကြည့်၍ ရုပ်အမြန်တည်ကာ ထမင်းစားခန်းသို့ ပြေးရလေသည်။ထမင်းစားခန်း၌ အဖေရှိမနေ"နင်တို့ အဖေ အစောကြီးထဲက အလုပ် သွားပြီ"ဟူသော မေမေ့ စကားသာ ကြားရ၏။ ဒါကလဲ ကျွန်တော်တို့ တစ်ခါတစ်လေ ကြားနေကြစကား ဖြစ်လို့ ဘာမှထပ် မမေးဘဲ မနက်စာသာဆက်စားနေလိုက်မိသည်။ "အားလုံးစုံပြီနော်" ဟူသော မေမေ့ စကားကို ကျွန်တော် ခေါင်းသာ ညိမ့်ပြလိုက်မိတယ်။ ဒါကလဲ ကျွန်တော် စိတ်လှုပ်ရှားနေမိလို့ပါ။ကိုကို ကတော့ မေမေ့ ဘေးဝင်ထိုင်ပြီး စာအုပ်နက်မျက်နာ မခွာတော့ပေ။၁၀တန်းကျောင်းသား တစ်ယောက်ရဲ့ တစ်နေ့တာမှာ စာအုပ်တွေက အဖော်ကောင်း ဆိုသည်မှာလဲ မမှားပါ။မေမေကတော့ ကျောင်း၌ အဆင်ပြေအောင် နေဖို့ ပြောနေသည်မှာ မနေ့ညထဲက ဖြစ်သောကြောင့် ကျွန်တော်ပင် အလွတ်ရနေသလို...

ကားမှန်က တဆင့် အပြင်ကို ငေးရင်း .. စိတ်လှုပ်ရှားမှုတွေကို ဖြေလျော့ နေချိန်မှာဘဲ~ကျွန်တော်တို့ ကားဘေးကို ကားတစ်စီးလာရပ်တာ မြင်လိုက်ရတယ်..ကျွန်တော် အကြောင်းမဲ့ ငေးကြည့်နေမိတယ်...ထိုအရာက ကျွန်တော်တို့ ဘေးက ကားကိုတော့ မဟုတ်ချေ။

#အရေးအသား မသေသတ်တာတို့ စာစီစာကုံးလို ဖြစ်နေရင်တော့ တောင်းပန်ပါတယ်။အခုမှ အစ ဆိုတော့ မရေးတတ်သေးလို့ဘာ😞ပြီးတော့ ခြူးက မုန်တိုင်းတွေ မုန်းတယ်... အsweet တလိုင်းတွေ ဘဲကြိုက်တယ် .. 😁🖤ဒါကြောင့် ခြူး ficလေးကို သကြားရောပျားရည်တွေ ရောလောင်းမှာ သိလား 😋❣
#ခန့်ညီထက် လေးကိုလဲ ချစ်ပေးကြပါနော် Reader အပေါင်းတို့ယေ.. ✌😚

ရင်ခုန်သံစတင်ရာ Where stories live. Discover now