များပြားလှစွာသော လူ များနှင့် ရှုပ်ရှက်စွာ ရှိနေသော ယဉ်ရပ်နား စခန်းတွင် ယောက်ကျားလေး တစ်ယောက်အား ကျောပိုးလျက် သွားနေသည့် ကျွန်တော့် ကို ဝိုင်းကြည့်နေကြသည်မှာ မထူးဆန်းပေ။
ထို့နောက် စားသောက် ဆိုင် သို့ ရောက်ကာ စားသောက် ပြီးသည်နှင့် ကားပေါ်သို့ ပြန်ရန် ပြင်နေကြသည်။
"Toilet သွားမို့ လိုက်အုံးမှာလား ခန့်ညီ?"
"ဟင့်အင်း မလိုက်တော့ဘူး .. ချယ်ရီ နင်ရော သွားအုံးမှာလား?"
"ဟင့်အင်း..ငါ စရောက် ထဲက သွားပြီးပြီ"
"အင်း..အဲ့ဆို ငါ ချယ်ရီမနဲ့ ကားပေါ်က ဘဲစောင့်နေတော့မယ် လေနော်~!"
"အင်း ပြီးရော" ဟုဆိုကာ ဘေးတွင် ထိုင်နေသော သူရ နဲ့ ဝင်းခန့်တို့အား မျက်စ ပစ်ကာပင် Toilet ရှိရာဆီ ထွက်သွားကြလေသည်။
***~~***
"👋ဖြန်း "
"အား 😲 မိချယ်ရီ မ ဘာလို့ ငါ့ကို လာရိုက်ရတာလဲ? 😤"
"နင့်ကို ရိုက်ရုံတင်မကဘူး အကောင်လိုက် အမှုန့်ကြိတ်ပစ်ချင်တာ သိရဲ့လာ 😣"
"ငါ ဘာလုပ်မိလို့လဲ 😕"
"အမယ်လေး တော်စမ်းပါ အမောင်ခန့်ညီရယ် 😏 နင် နေရှင်းကျောပေါ်မှာ ဘယ်လောက် သာယာခဲ့လဲ ငါ အသိဆုံးပါနော်.. မပြောချင်ဘူး ထမင်းစားတာတောင် နေရှင်း မျက်နှာ ကြည့်ပြီး စားရတယ်လို့ 😆"
"ဟမ် 😧 အရမ်းသိသာသွားလား? ငါခိုးကြည့်နေတာ ဟိုကောင်တွေရော ရိပ်မိသွားလားမသိဘူး 😣 ကျစ်.. ဒုက္ခဘဲ 😞"
"အာ့လောက်လဲ ဖြစ်မနေစမ်းပါနဲ့ဟာ.။ နေရှင်း သိသွားတော့လဲ တစ်မျိုးကောင်းတာပေါ့ နင်ဖွင့်ပြောစရာ မလိုတော့ဘူးလေ 😝"
"တော်စမ်းပါ မိချယ်ရာ 🙁 ငါက သာ တစ်ဖက်သတ်တွေ ဖြစ်နေရတာ နေရှင်းက ယောက်ကျာ်းဟ! ငါ့ ခံစားချက်တွေ ကိုဘဲ အချိန်မနှောင်းခင် ဖျောက်ဖျက်ပစ်ရမယ် ထင်တယ် 😔"
"အံမယ်လေး..ခန့်ညီ ရယ် နေရှင်း က ယောကျာ်း ဆိုတော့ နင်က မိန်းမ ဖြစ်နေလို့လား?😏 ပေါက်ကရတွေ ပြော မနေနဲ့ ~ ပြီးတော့ ပြောနိုင်မလား နေရှင်း ရဲ့ မသိစိတ်မှာ နင် ရှိချင်ရှိနေ နိုင်တာဘဲလေ"
YOU ARE READING
ရင်ခုန်သံစတင်ရာ
Non-Fictionခြူး အတွက် ပထမဆုံးခြေလှမ်းပါ။aunthor ပေါင်းများစွာရဲ့ fic တွေဖတ်ရင်း ကိုယ်တိုင် ပုံဖော်ထားတဲ့ ဇာတ်ကောင်လေးတွေ ရှိရင်ကောင်းမှာဘဲလို့ တွေးမိလို့ ficတွေ ရေးဖို့ ဆုံးဖြတ်ခဲ့မိတယ်~ ခြူး ကိုယ်တိုင်က LGBT ကိုလက်ခံသလို fujoshi လဲဖြစ်လို့ bL တွေကို အရမ်းသဘေ...