မုန့်စားကျောင်းဆင်းချိန်သည် သူငယ်ချင်းမရှိသေးသော ကျွန်တော့ အဖို့ပျော်ရွှင်ခြင်းအလျဉ်းမရှိ သောအချိန်သာ။သို့သော်လဲ ဆာနေသော ဗိုက်အားဖြည့်တင်းရန် ပစ္စည်းများသိမ်းဆည်းနေချိန် စားပွဲခုံရှေ့သို့ လာရပ်နေသော ဖြူဖွေး၍ ကြည်လင်နေသော ခြေထောက် တစ်စုံ နှင့်အတူ ကျွန်တော့ နမည်ကို ရင်းနှီးစွာခေါ်လိုက်သော ခပ်ရှရှ အသံဝဲလေး တစ်ခု.. သူ့အား မော်မကြည့်သော်လဲ ထိုလူသား မည်သူဆိုတာကို ဖြေကြားနေသော ရင်ဖက်ထဲက အရာကြောင့် ထိတ်လန့်မှုလားကြောက်ရွံ့မှုလား ကြည်နှုးခြင်းလား မသိသော ခံစားချက်တို့ ဖြစ်တည်မိသည်။ မော့ကြည့်မိလိုက်သော အခါတွင်လည်း ကျွန်တော် လွန်စွာရင်ခုန်နေမိတဲ့ မျက်စံအညိုလေးက ထိုအနှီလူသားရဲ့ မျက်ဝန်းထဲမှာ ရှိနေဆဲမို့ ။ကျွန်တော် သူ့ခေါ်သည်ကို ပြန်မထူးမိသည်က မလွန်လောက်ပါဘူးနော်။
###✌
ကျွန်တော် မှားရွင်းစွာ ရေရွတ်လိုက်မိသော 'ပေါက်စီ' ဟူသော စကားကို သူသတိထားမိသွားပြီလား?ကျွန်တော်အား ထူးဆန်းစွာ ကြည့်နေသော သူ့သည် ကျွန်တော့်အား စိတ်ဆိုးသွားပြီလား?ကျွန်တော်မသိ သို့သော် ကျွန်တော့အား ထူးဆန်းစွာ ကြည့်နေသော ထိုအနှီလူသား ပေါက်စီလေးကတော့ ကျွန်တော့် မျက်စိထဲတွင် ချစ်ဖို့ကောင်းလှအိ။တစ်ခါတစ်ခါ ဆူထွက်လာသော နှုတ်ခမ်းလွှာထူထူလေးက ကျွန်တော့ရင်အစုံကို ထုနေ သကဲ့သို့ပင်... "ဂွီ" ဒါဘာအသံလဲ? ငါ့ဆီက များလား?ဒါမှ မဟုတ်...... ကျွန်တော့် အတွေးမမှားပါ ထို ဖြူလုံးလုံး ပေါက်စီလေး၏ ဗိုက်ထဲမှ ထွက်လာသော အသံပင်။ကျွန်တော် သေချာကြည့်လိုက်တော့ ရှက်သွားသလိုပင် ခေါင်းကြီးအား ငုံ၍ ထိုင်နေသော ထို ပေါက်စီအား စိတ်ရှိတိုင်း ဖျစ်ညစ် ကာကိုက်စားလိုက်ချင်မိသည်။"ခန့်ညီ ဗိုက်ဆာနေတယ်မလား? လာငါနက် ကန်တင်းသွားရအောင် မင်းက ကျောင်းသားသစ်ဆိုတော့ ဒီက စားကောင်းတာတွေ မသိဘူးမလား?ငါလိုက်ပြမယ် လိုက်ခဲ့"
###✌
ရှက်စိတ်တို့ဘေးချိတ်ပြီး သူခေါ်ရာနောက်သို့သာ လိုက်ခဲ့လိုက်သည်။ ထိုနောက် အပြာရောင် သုတ်ထားပြီး အနဲငယ်ကျယ်ဝန်းလှသော ခန်းမထဲတွင် အစီအရီချထားသော ခုံများပေါ်တွင် ထိုင်ကာရယ်မောစားသောက်နေကြသော ကျောင်းသားများသည် Private school ဖြစ်သောကြောင့် လူကုံတန်သားသမီးများလှသည်။ အဆောင်အတွင်းငေးမောနေစဉ် ရုတ်တရက် အေးကနဲ ဖြစ်သွားသော ကျွန်တော့်လက်ကို ကြည့်မိရာ ကျယ်ပြန်ပြီးလှပသေသပ်လှသော ကျောပြင်ရှိသည့် လူသားတစ်ယောက်၏ လက်ထဲတွင် တင်းကြပ်စွာ ရှိနေလေ၏။
ကမ်းပေးသော ထမင်းဘူးအား ယူပြီး အနီးရှိခုံသို ပြေးသွားသော ထိုပေါက်စီသည် ဖြူစင်လွန်းလှသည်။ကျွန်တော့်အား လက်လှန်းခေါ်ပြီး သူ့ရှေ့က ခုံသို့ ခေါက်ကာ ရီပြနေသော ထိုလူသားကို ကျွန်တော် ကိုက်စားချင်လှ၏...ဖောင်းကား နေသောပါး နှင့် အဆက်မပြတ်ဝါးနေသော ပါးစပ်တို့ကို နေရှင်းကိုကို တစ်ယောက် ထမင်းမစားနိုင် ငေးရင်းသာ အချိန်ကုန်နေလေသည်။
ကျွန်တော် စားသောက်ပြီးသည့်တိုင် မလှုပ်မယှက် ကျွန်တော့အားကြည့်နေသူကြောင့် အနည်းငယ် နေရခက်လေသည်။
"ကျွန်နော့ မျက်နှာမှာ ထမင်းလုံးကပ်နေလို့လား ကိုကို.."ကိုကိုတဲ့လား?ကျွန်တော့ကို ပေါက်စီလေးက ကိုကိုတဲ့လား?ပျော်ရွှင်သည် ကြည်နှုးသည် သို့သော် မျက်နှာ အမြန်ပြန်တည်ပြီး"မဟုတ်ပါဘူး မင်းစားနေတဲ့ပုံက ဝက်ကလေး နက်တူလို့ ဖြေးဖြေးစားလဲ ရရဲ့သားနဲ့ကို ဘာလို့ အတင်းထိုးထည့်စားနေရတာလဲ?"
ကျွန်တော်က ဝက်နက်တူတယ်တဲ့လား?သွားပြီ ခန့်ညီထက် မင်းသွားသေသင့်ပြီလေ..ဘာကြောင့် ဒီလူသားရှေ့မှ သူတောင်းစားလို ၁၀ရက်ထမင်း မစားရသေးတဲ့ လူလို စားမိတာလဲ?"ကျန်..ကျွန်တော် ဗိုက်ဆာနေလို့နေမှာပါ ကျွန်တော့ ခင်ဗျားထင်သလို အစားမသောင်းကျန်းပါဘူး အခုဟာက မနက်ကတည်းက စိတ်လှုပ်ရှားနေတာကြောင့် အိမ်က မနက်စာ စားမလာမိဘူး ဒါကြောင့်ပါ။"ဘာကြောင့်လိမ်ရတာလဲ ခန့်ညီထက် ရာမနက်က အမေကိုယ်တိုင်ကြော်တဲ့ ထမင်းကြော် ၂ပွဲစားလာသေးတာကို....
"ဟုတ်ပါပြီကွာ။အာ့ဆိုလဲ အခုစားပြီးတော့ မင်းအတန်းပြန်တော့မလား?ဒါမှမဟုတ် ကျောင်းကို လျှောက်ကြည့်အုံးမလား?"
"တော်ပြီ အတန်းဘဲ ပြန်တော့မယ်။ကျောင်းက အပြင်က ကြည့်တာသာ ကျယ်တာ အထဲကျတော့လဲ ဘာမှ သိပ်ရှိတာ မဟုတ်ဘူး အဆောင်တွေ များတာဘဲ ရှိတယ်။"
ဟုတ်ပါတယ်။IEC ဆိုသော ဒီကျောင်းလေးက ကျယ်သယောင်နှင့်ကျဉ်းသည်။ကျွန်တော်လဲ လျှောက်မသွားချင်တော့သည်နှင့် ထိုပေါက်စီလေးနှင့်သာ အတန်းထဲသို့ ပြန်ခဲ့မိသည်။
###✌
အတန်းထဲရောက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် မောနေသည်ပင် မေ့သွားသည်။ရှေ့တည့်တည့်မှာ ထိုင်ကာ ရယ်မောပြီး ပျော်ရွှင်နေသော ကောင်လေးနှစ်ယောက်ကြောင့် အလိုက်သိစွာ အခန်းပြင်ထွက်လာမိသည်..ထိုလူသားရဲ့ ပါးပြင်မှာတော့ သိသာလွန်းလှတဲ့ အပြုံးတွေနဲ့ပေါ့... 😊😊###✌
မိုးဦးဝသာန် ကာလ ဖြစ်သော Juneလသည် အေးစက်လှသော မိုးရေ စက်လေးတွေ ကျဆင်းတဲ့ လတစ်လှ ဖြစ်ပေသည်။ သည့်အပြင် ကျောင်းသူ/သား များအဖို့ စာသင်နှစ်တစ်နှစ်၏ အစဖြစ်ပြီး စိတ်လှုပ်ရှားဖို့အကောင်းဆုံး လတစ်လ ဖြစ်သည်။ ထိုအချိန်ကာလသည် private school ပြောင်းတက်နေသော ကျွန်တော့် ရင်ခုန်မှုမရှိခဲ့ပါ။ ထိုရင်ခုန်ခြင်းမရှိသော နှလုံးအား တစပ်စပ် တုန်ခါပေးနိုင်သူကတော့ ကျွန်တော့ဘေးက ထိုင်ခုံတွင်ထိုင်ကာ မည်သူ့ကို အလေးပြုနေမှန်း မသိခေါင်းကိုက်စိုက်နေသော ကျွန်တော်ရဲ့ "နေရှင်း ကိုကို"ပင်။#အိပ်မပျော်လို့ updateတယ်။ဖတ်တဲ့သူ မရှိပေမဲ့လဲ ကို အရမ်းရေးချင်နေတဲ့ fic လေးမို့ ပြီးတဲ့ အထိရေးဦးမှာ ဘယ်သူ့မှ မဖတ်လဲ ကွကို ဖတ်တယ် 😁😁
YOU ARE READING
ရင်ခုန်သံစတင်ရာ
Non-Fictionခြူး အတွက် ပထမဆုံးခြေလှမ်းပါ။aunthor ပေါင်းများစွာရဲ့ fic တွေဖတ်ရင်း ကိုယ်တိုင် ပုံဖော်ထားတဲ့ ဇာတ်ကောင်လေးတွေ ရှိရင်ကောင်းမှာဘဲလို့ တွေးမိလို့ ficတွေ ရေးဖို့ ဆုံးဖြတ်ခဲ့မိတယ်~ ခြူး ကိုယ်တိုင်က LGBT ကိုလက်ခံသလို fujoshi လဲဖြစ်လို့ bL တွေကို အရမ်းသဘေ...