Ep-7

369 26 0
                                    

အတူတူထိုင်တဲ့ ဝင်းခန့်သည်လဲ ဒီနေ့မှ သူရရဲ့ မဲဆွယ်မှုကြောင့် ဘောလုံးကန်ဖို့ ထွက်သွားသည်နှင့် တစ်ယောက်ထဲသာ မုန့်စားဆင်းဖို့ ပြင်နေရတော့သည်။ထိုအချိန်
"ခန့်ညီ နင်တစ်ယောက်ထဲလား? ဝင်းခန့်ရော? "

ရှေ့ဆုံးထိုင်ကာ လူတိုင်းနဲ့ စကားမပြောတဲ့ ချယ်ရီ၏ အမေးကြောင့် ကျွန်တော် ကြောင်တောင်တောင်နှင့်သာ ငေးကြည့်နေမိသည်။

"ဝင်းခန့်နဲ့ ခန့်ညီက အမြဲတတွဲတွဲလေ အခုကျ ခန့်ညီ တစ်ယောက်ထဲမို့ ချယ်ရီက မေးကြည့်တာပါ"

ကို့ ကိုယ်ကို ချယ်ရီ ဟူ၍ နာမ်စားသုံးနေသော ထိုမိန်းကလေးသည် ကျွန်တော်နဲ့ အတူတူ ကျောင်းပြောင်းလာသော ကျောင်းသူသစ်၊ ထို့အပြင် အခန်းတွင်းလဲ Queen ဆုရထားသော မိန်းကလေး။
"အင်..အင်း ဝင်းခန့်မောင်က ဒီနေ့ ဘောလုံးကန်ဖို့ သူရတို့နဲ့ ထွက်သွားပြီ"

"သြော်..အာ့တာဆို ခန့်ညီ တစ်ယောက်ထဲ ထမင်းစားနေရမှာပေါ့..ချယ်ရီလဲ အခုဘဲ ထမင်းသွားစားမလို့ တစ်ယောက်ထဲ ဖြစ်နေတာ ခန့်ညီ ချယ်ရီနဲ့ အတူတူ စားလို့ဖြစ်ပါတယ်နော်"

"ဗျာ.. ဖြစ်ပါတယ်။ကျွန်တော်လဲ တစ်ယောက်ထဲ ဖြစ်နေတာကို လာလေ သွားရအောင် ဒီနေ့က ဟင်းကောင်းတယ် ကြားတယ်  😁"
###✌
ထမင်းစားနေတုန်းလဲ စကားတွေပြောကာ ရယ်မောနေသော ချယ်ရီသည် အလွန် ပွင့်လင်းပြီး ရယ်စရာများလဲ ပြောတတ်ကာ ချစ်ဖို့ကောင်းလှသည်။ International school ကပင်ထွက်၍ မြန်မာစာကို သင်ယူနေဆဲမို့ တစ်ခါတစ်ရံ ဘိုလို မှုတ်လွန်းသည်။သို့သော် သူမသိသော မြန်မာစာလုံးများ ကျွန်တော်ပြောမိလျှင် မျက်လုံးလေးများ ဝိုင်းကာ ကြောင်ပေါက်လေးနှယ် ပြူးကြည့်ကာ မေးလေသည်။
"ခန့်ညီ ထမင်းစားပြီးရင် ဘောလုံးကွင်းဘက် သွားအုံးမှာလား?"

"မသွားတော့ဘူး.. အခန်းထဲဘဲ ပြန်မှာ ချယ်ရီသွားချင်လို့လား?"

"မဟုတ်ပါဘူး.. ခန့်ညီများသွားချင်မလားလို့? ဟိုမှာ နေရှင်းတို့လဲ ရှိတော့လေ..😊"

ချယ်ရီ ဘာပြောချင်လဲ မသိပါ။သို့သော် ဒီရက်ပိုင်းအတွင်း စကားမပြောသော နေရှင်းကြောင့် ကျွန်တော် အလိုလို သူ့အားရှောင်နေမိသည်။ သူ့ကိုမြင်သည်နှင့် တလှပ်လှပ် ခုန်နေတဲ့ ရင်ကိုလဲ နေ့စဉ် ကြိတ်ဆဲနေမိသည်။

ရင်ခုန်သံစတင်ရာ Where stories live. Discover now