နောက် ၂ပတ်ဆို စာမေးပွဲ ဖြေရတော့မည်မို့ private study time ဟုဆိုကာ အကြိုကျောင်း၁ပတ် ပိတ်ပေးမည်ဟု ဆရာမက ပြောသည်။
"ဟဲ့ ခန့်ညီ နင်ရဲ့ အီးမှန်ထားတဲ့ ရုပ်ကို အခုပြင်စမ်း ကျက်သရေမရှိ စာကျက်ဖို့ ကျောင်းပိတ်တာတောင် လင်ကိုလွမ်းနေသေးတယ်... 😏"နေရှင်းနဲ့ပတ်သတ်သော မိမိရဲ့ ခံစားချက်ကို ပြောပြီးထဲကပင် 'နင့်ကို ကူညီဖို့ ငါမှာ အပြည့်အဝ တာဝန်ရှိသည် ဆိုကာ' ရှေ့ဆုံး၌ မထိုင်တော့ဘဲ ယောကျာင်္းလေးများသာ ထိုင်တဲ့ နောက်ဆုံးတန်း ကျွန်တော့်အရှေ့ကို အပြီးလာထိုင်သော မိချယ်ရီ။ အခုလဲ ကျောင်း၁ပတ် ပိတ်မည်မို့ နေရှင်းကို မတွေ့ရတော့မည့် အဖြစ်ကိုတွေးကာ ဝမ်းနည်းခြင်းများ စတင်ယုံရှိသေး နောက်လှည့်ကာ ဝုန်းနေသော မိချယ်ရီကြောင့် ဝမ်းနည်းတဲ့ စိတ်တောင် ဘယ်ချောင်ရောက်သွားလဲမသိ။
"မိချယ်ရီရယ် လင် ဆိုပြီး မသုံးစမ်းပါနဲ့.. ငါထိုင်ရတာ ဖင်ကျိန်းလွန်းလို့ .. 😖 ပြီးတော့ တိုးတိုးပြောစမ်းပါ ဟို အကောင်က နားပါးက ပါးနဲ့ ကြားသွားမှဖြင့် 😒""ဟိ..ဟိ ကြားတော့လဲ ကောင်းတာပေါ့.. တခါထဲ ဖွင့်ပြောပြီးသားဖြစ်တာပေါ့ 😆"
"နင်လဲနော်.. 😏"
"ခဏ ဖယ်ပေး ဟျောင့်.. ငါ လွယ်အိတ် လိုချင်လို့ 😶"
ချယ်ရီနဲ့ စကားပြောရင်း အိမ်သာကပင်ဘယ်အချိန် ပြန်လာလဲမသိသော ဝင်းခန့်က အကြောင်းမဲ့စွာ လွယ်အိတ်တောင်းသောကြောင့် ကျွန်တော်ရော ချယ်ရီပါ ကြောင်နေမိသည်။"ဟဲ့.. ဝင်းခန့် နင်အခုတလော ဘာဖြစ်နေတာလဲ😏?ငါ နဲ့ ခန့်ညီ စကားပြောတိုင်း နင်ဝင်လဲ မပြောဘူး ပြီးတော့ ခန့်ညီ ကိုလဲ ရှောင်နေတာ ငါ သတိထားမိတယ် 😏 ပြောစမ်း ဘာဖြစ်နေတာလဲ?"
ချယ်ရီပြောသည်မှာ ဟုတ်သည်။ကျွန်တော်ကို အခုတလော ဝင်းခန့် အကြောင်းမဲ့ရှောင်နေသည်။ စကားလဲ လိုအပ်မှသာ ပြောနေပြီး break time များတွင်လဲ အခြားကောင်များနှင့်ဘောလုံးကန်မည်ပြောကာ အရင်ထွက်သွားလေ့ရှိသည်။
"မဟုတ်ပါဘူး ချယ်ရီရာ.. ဒီကောင်ကြီးက ဒီအတိုင်းပါဘဲ နင့်ဟာနင် ထင်နေတာနေမှာပါ..😊ဒီကောင်ကြီးအကြောင်း ငါ အသိဆုံး သူလား ငါ့ကို ရှောင်နေမှာ။ဟီး..ဟုတ်တယ်မလား ဝင်းခန့်😁 ရော့..မင်းလွယ်အိတ် မင်း ဖြိုးခန့်တို့နဲ့ သွားထိုင်မို့မလား? 😊"
YOU ARE READING
ရင်ခုန်သံစတင်ရာ
Non-Fictionခြူး အတွက် ပထမဆုံးခြေလှမ်းပါ။aunthor ပေါင်းများစွာရဲ့ fic တွေဖတ်ရင်း ကိုယ်တိုင် ပုံဖော်ထားတဲ့ ဇာတ်ကောင်လေးတွေ ရှိရင်ကောင်းမှာဘဲလို့ တွေးမိလို့ ficတွေ ရေးဖို့ ဆုံးဖြတ်ခဲ့မိတယ်~ ခြူး ကိုယ်တိုင်က LGBT ကိုလက်ခံသလို fujoshi လဲဖြစ်လို့ bL တွေကို အရမ်းသဘေ...