Ep-9

335 25 2
                                    

"ဟူး💨 အခုမှဘဲ အကုန်ပြီးတော့တယ်😌 ပင်ပန်းလိုက်တဲ့ ဘဝကွာ မြန်မြန် လူကြီးဖြစ်ချင်လှပြီ။"
ကျောင်းပြန်ရောက်ထဲကပင် ကျူရှင်တက်ရ Guide သင်ရ အခုလဲ အိမ်စာတွေလုပ်နေရသည်နှင့် နေရှင်းကိုကို တစ်ယောက် မနားရသေးပါ။ အခုမှ အိမ်စာတွေ အားလုံးလုပ်ပြီးလို့ စာအုပ်တွေသိမ်းရင်း စာကြည့်စားပွဲထိပ်တွင် တင်ထားသော နာရီဆီကို ကြည့်မိသောအခါ လက်တံရှည်က ၉ကို ညွန်ပြ၍ အတိုက ၃ကို ညွန်ပြနေလေသည်။
ဒီအချိန်ဆို အိမ်ကလူတွေကတော့ အိပ်ယာပေါ်မှာ ကိုယ်စီအိပ်နေကြပြီဆိုတာ သွားမကြည့်လဲ သိသည်လေ။ ညစ်နောက်နောက် ဖြစ်နေသောခေါင်းကို နေရှင်း အနားပေးဖို့ ခုတင်ခါင်းရင်းက စားပွဲပေါ်တင်ထားသည့် ph ကိုယူပြီး ဝရံတာသို့ ထွက်ခဲ့လေသည်။ ဝရံတာ သို့ရောက်သည်နှင့် ညလေအေးရဲ့ တိုက်ခိုက်မှုကြောင့် ပင်ပန်းမှုတွေပင် ပျောက်ကွယ်သွားသလို။ အေးမြလတ်ဆန်မှုတွေရောယှက်လျက် တိုက်ခိုက်နေသော ညလေညှင်းကို မျက်လုံးစုံမှိတ်ကာ နေရှင်း အသက်တဆုံး ရှုသွင်းလိုက်သည်။ ညအမှောင်ထုတွင် မလှန်းမကမ်း၌ ဝေဝါးစွာတွေ့နေရသော ဝင်းဝါ၍ရွှေရောင်တောက်ပနေသည့် ရွှေတံဂုံ ဘုရားကြီးသည် လွန်စွါ သက်ပယ်ဖို့ ကောင်းလျသည်။ထို့အပြင် ကားမီးရောင်များစွာ နှင့် လမ်းမတန်းကြီး သည့်အပြင် ညအမှောင်ကို ဖြိုခွင်းလျက် လင်းထိန်စွာ လမ်းဘေးတစ်နေရာတွင် စိုက်ထားသော လိမ္မော်ရောင် မီးတိုင်များသည်လည်း ညအမှောင်နှင့် ပနန်တင့်လှသည်။ ထိုညအလှကို နေရှင်းတစ်ယောက်ကြည့်ရင်း ခံစားနေရသော ပင်ပန်းမှုတွေပင် ဘယ်ဆီရောက်မှန်းမသိ ပျောက်ကွယ်သွားသည်။

ထို့နောက် လှပသော ညနှင့် လိုက်ဖက်အောင် လက်ထဲတွင် ကိုင်ထားသည့် phကိုအားကိုးရတော့မည်။ phတွင် ချိတ်ဆက်ထားပြီးဖြစ်သည့် နားကြပ်လေးကို နားထဲထည့်ကာ သီချင်းတစ်ပုဒ်နောက်ကို ညအလှကဲ့သို စီးမြောသွားပြန်သည်။
"🎼ကမ္ဘာမြေတွေ ပျက်သုဉ်း သွားရင်လဲ
မင်းအနားမှာ အမြဲ ရှိနေမှာပါ...
နမည်လေး လှမ်းခေါ်နေဆဲ ရင်ထဲကလွမ်းသူပါ
မင်းအနားမှာ..
ကိုယ် တကယ်ကို ဖြည့်ဆီးပေးသူ အဖြစ်နဲ့နေချင်လို့
ရင်မှာလွမ်းတဲ့နေ့တွေ အဆုံးသတ်ပေးပါကွာ..
ကို့ရဲ့ ကမ္ဘာငယ်လေး..

ရင်ခုန်သံစတင်ရာ Where stories live. Discover now