Ep-5

379 27 0
                                    

အပြင်မှာ သည်းမဲစွာ ရွာနေသော မိုးကြောင့်"ဒီနေ့ ကာယ မဆင်းရဘူး"ဆိုသော အတန်းစောင့် ဆရာမ၏ အမိန့်ကို ကျွန်တော်တို့ လိုက်နာရ ပြန်ပြီ။

"ဟေ့ကောင်..ခန့်ညီ မင်းဒီနေ့ထီးပါလား? အပြင်မှာ မိုးအရမ်းသည်းနေတယ်။ မိုးမိရင် မင်းက ဖျားဦးမယ် ဘယ်လိုလုပ်မှာလဲ? ငါနဲ့ကလဲ ဂိတ်ပေါက် မတူတော့?"
နှစ်စက ဘေးချင်းကပ်ထိုင်သော်လဲ သိပ်မခင်ခဲ့။နောက်ပိုင်း နေရှင်း ကိုကို မိတ်ဆက်ပေးမှုကြောင့် အခုတော့ ငယ်သငယ်ချင်း အရင်းတစ်ယောက်လို ခင်မင်နေပြီ ဖြစ်သော ကျွန်တော့ရဲ့ နှစ်ယောက်မရှိတဲ့ သူငယ်ချင်း ဝင်းခန့်မောင်။

ကျွန်တော် အပြင်ကို ငေးကြည့်မိလိုက်သည်။ကောင်းကင်ပြင် တစ်ခုလုံး မဲမှောင်ကာ အဆက်မပြတ် ရွာသွန်းနေသော မိုးစက်များသည် ကျောင်းဆင်းချိန်ထိ မတိတ်နိုင်လောက်သေးပါ။ "အေးကွာ ငါလဲ အာ့တာ စဉ်းစားနေတာ။ဒီနေ့က ငါ့အကို စာကျက်ရက်လေ အာ့တော့ သူကကျောင်းမလာဘူး။ ငါကလဲ ထီးဆိုပျောက်တတ် လွန်းလို့ ယူကို မလာတာ။ဒီနေ့တော့ မိုးရေထဲပြေးရဦး မှာပေါ့ကွာ။"
ကျွန်တော် ညီးညူမိသည် ဝင်းခန့်မောင် ပြောသလို ကျွန်တော်ဖျားလျှင် မေမေသည် ကျောင်းသွားခိုင်းမည်မဟုတ်။ဒါဆိုရင်...တွေးရင်းနှင့်ပင် ဘာကြောင့်မှန်းမသိ ဆက်မတွေးချင်တော့တာမို့ ခေါင်းခါရမ်းကာ အကြောင်းမဲ့ ဘေးသိုလှည့်ကြည့်မိရာ အရှေ့တန်းက ကောင်များနဲ့ ရယ်မောကာ ဘောလုံးပွဲ အကြောင်းပြောနေသော နေရှင်းကိုကိုကိုမြင်လိုက်ရသည်။ကျွန်တော် သူနဲ့ အခုဆို ခင်တာ၎လ ပြည့်တော့မယ်လေ နှစ်စထဲက သူငယ်ချင်းမရှိတဲ့ ကျွန်တော် အားငယ်မှာ စိုးလို့ ဘေးချင်းကပ် ဝင်းခန့်မောင်နဲ့ မိတ်ဆက်ပေးကာ သူ့သူငယ်ချင်း သူရ အပြင် အတန်းထဲက လူတော်တော်များများနှင့်လဲ မိတ်ဆက်ပေးသောကြောင့် အခုတော့ ကျွန်တော် သူငယ်ချင်းများစွာ ရနေပြီလေ။ကျွန်တော်သူ့အား စိုက်ကြည့်ရင်း သူ့ပုံစံတွေကို မှတ်နေမိသည်။

အရပ်က သိပ်မရှည် သို့ပေမဲ့ ၅ပေ၃သာရှိသော ကျွန်တော့်ထက်တော့ ရှည်လှသည်။အသားဖြူ သော်လည်း ရှမ်းတရုတ်ဆက်သော ကျွန်တော့်လောက်မဖြူ။တစ်ချက်တစ်ချက် ရယ်လိုက်ရင် ထွက်လာသော သွားစွယ်လေးနဲ့ ဖူးသယောင် ရှိသော နှုတ်ခမ်းလွှာ ကျွန်တော့် နေ့စဉ်ရင်ခုန်နေရသော မျက်စံညို သည့်အပြင် လှုပ်ရှားမှု မြန်ဆန်နေသော သွယ်လျသည့် လက်ချောင်းလေးများ~ထို လက်ချောင်းများကို တစ်ကြိမ် ထိကိုင်မိခဲ့သည်လား? တွေးလိုက်မိသည်နှင့် တဆက်ဆက်ခုန်နေမိသော ရင်ထဲက အရာလေးကို ကျွန်တော် လက်ဖြင့်ဖိကပ်ခါ ခုံပေါ်ခေါင်းမှောက် အိပ်လိုက်မိသည်။
###✌
မနေ့ညက ဘောလုံးပွဲ အကြောင်း သူရနဲ့ ပြောရင်း ဘာကြောင့်လဲမသိ ကို့အား တစ်ယောက်ယောက်ကြည့်သလို ခံစားမှုကြောင်း ဘေးကို မသိမသာ ကြည့်မိတော့ ကျွန်တော့အားကြည့်နေတဲ့ မဲနက်တောက်ပပြီး ဝိုင်းစက်သော မျက်ဝန်းတစ်စုံ။ဒီကောင်လေး ငါ့ကိုဘာလို့ အာ့လောက်ကြည့်နေရတာလဲ?ငါမျက်နှာ တစ်ခုခုများ ဖြစ်နေလို့လား?တွေးမိနေစဉ်ဘဲ ခုံပေါ် ခေါင်းမှောက်အိပ်လိုက်သော ပေါက်စီကောင်လေးကြောင့် ကျွန်တော် စွံအ သွားရပြန်သည်၊

ရင်ခုန်သံစတင်ရာ Where stories live. Discover now