လေးလံတဲ့ ခြေထောက်တွေကို တစ်လှမ်းခြင်းလှမ်းကာ ကျောင်းဝင်းထဲဝင်လာခဲ့သည်။ထိုအချိန် ပခုံးပေါ်ကို ရောက်လာတဲ့ လက်တစ်စုံကြောင့် မော့ကြည့်လိုက်ရာ မျှော်လင့်ထားသူ မဟုတ်လို့ ပျက်စီးသွားတဲ့ မျက်နှာ ဘယ်လိုပုံဖြစ်သွားလဲ ကျွန်တော် မသိခဲ့ပါ။
"ဟျောင့်..မင်းမျက်နှာကြီးကလဲ ဘာဖြစ်နေတာလဲ ဖျားနေရအောင်လဲ မနေ့ကမင်း မိုး မမိပါဘူး။ဘာဖြစ်နေတာလဲ မင်းအမေဆူလိုက်လို့လား"
'မိုးမိတယ်?'ကျွန်နော် ရင်ထဲက စူးကနဲအောင့် သွားခဲ့သည်။ ကျွန်တော့်ကြောင့်သူမနေ့က မိုးမိခဲ့တယ်။ ထိုသို့ စိတ်ရဲ့သတိပေးမှုကြောင့် ဝင်းခန့် အမေးကို ပြန်ဖြေခြင်းမရှိ အခန်းထဲကိုသာ ပြေးသွားမိသည်။
စာသင်ခန်း ရှေ့ရောက်သည်နှင့် လေဟာနယ်တစ်ခုထဲ ရောက်သွားသလို ခံစားလိုက်မိသည်။ ကျွန်တော် မျက်လုံးတွေ မှိတ်ထားမိသည်။ ထို့နောက် ရင်းနှီးလွန်းတဲ့ သင်းပျံ့ပျံ့ အနံ့တစ်ခု သည့်အပြင် မျက်နှာမှာ ရိုက်ခတ်နေတဲ့ ပူနွေးနွေး အရာတစ်ခု... မဟုတ် အသက်ရူသံတွေ တစ်ချက်တစ်ချက် ကြားနေရတဲ့ နှလုံးခုန်သံတွေ ငါဘာဖြစ်သွားတာလဲ?
###✌
မနေ့က မိုးမိထားလို့လား မသိ မနက်အိပ်ယာနိုးထဲကပင် ခန္ဓာကိုယ် တစ်ခုလုံးလေးလံလှသည်။ ထို့အပြင် ပူနွေးသလို ဖြစ်နေသော ကိုယ်ကြောင့် အိပ်ယာထဲကပင် မထခြင်သေး။ထိုအချိန် အခန်းတံခါးဖွင့်သံ ကြားပြီး ကြည့်မိရာ"သား နိုးပြီလား?မနေ့ညက သား အခန်းထဲက ညီးသံကြားလို့ မေမေ ဝင်ကြည့်လိုက်တာ သား အဖျားတက်နေလို့ မေမေ ရေပတ်တိုက်ပြီး ဆေးတိုက်ထားရတယ်။ဘယ်လိုဖြစ်လို့ မိုးတွေ မိပြီး အာ့လောက်ဖျားရတာလဲ သားငယ်ရယ်?မေမေ မနေ့က သေချာ ထီးထည့်ပေးလိုက်တာကို.."
မေမေ့ မျက်နှာမှာတွေ့ရတဲ့ အပြုံးပါးပါးလေးတစ်ခု တွေ့ရပြီး မျက်ဝန်းထဲမှာလဲ ကျွန်တော့်ကို စိုးရိမ်မှုတွေ နဲ့ပေါ့။ကျွန်တော် အတတ်နိုင်ဆုံး ပြုံးပြပြီး
"မနေ့က သားတို့ ဘေးခုံမှာထိုင်တဲ့ ကျောင်းသားသစ်လေးက ထီးမပါလို့ မိုးရေထဲ ပြေးမယ် လုပ်နေတာနက် သားထီးငှားလိုက်တာ မေမေ။သူက ကျန်းမာရေး ချူချာတယ် မေမေရဲ့။ မိုးလေး နဲနဲစိုတာနဲ့ကို ဖျားတတ်တာ အာ့ကြောင့်ငှါးလိုက်တာပါ။ပြီးတော့ သူရ မှာလဲထီးပါတော့ သူနက်အတူဆောင်းလို့ရမယ် ထင်လို့ပါ။"
YOU ARE READING
ရင်ခုန်သံစတင်ရာ
Non-Fictionခြူး အတွက် ပထမဆုံးခြေလှမ်းပါ။aunthor ပေါင်းများစွာရဲ့ fic တွေဖတ်ရင်း ကိုယ်တိုင် ပုံဖော်ထားတဲ့ ဇာတ်ကောင်လေးတွေ ရှိရင်ကောင်းမှာဘဲလို့ တွေးမိလို့ ficတွေ ရေးဖို့ ဆုံးဖြတ်ခဲ့မိတယ်~ ခြူး ကိုယ်တိုင်က LGBT ကိုလက်ခံသလို fujoshi လဲဖြစ်လို့ bL တွေကို အရမ်းသဘေ...