မနက်မိုးလင်းထဲ ကပင် ခန့်ညီ တစ်ယောက် သီချင်း တအေးအေးဖြင့် ကျောင်းသွားရန် အသင့်ဖြစ်ကာ ကားပေါ်ပင် ရောက်နေပြီ ဖြစ်သည်။ အရင်နေ့များတွင် အိပ်ယာထဖို့ပင် အမြဲ အော်ဟစ်နေရသော သားဖြစ်သူသည် ဒီနေ့တွင် စောစောနိုးကာ ပျော်မြူးနေသောကြောင့် အမေဖြစ်သူ ဒေါ်ဆွေဇင်ပင် မျက်လုံးပြူးရသည့် အဖြစ်။
"ဟဲ့ သားကြီး မင်း ညီကျောင်းမှာရော အဆင်ပြေရဲ့လားဟမ်!"
မိခင် ဖြစ်သူရဲ့ အမေးကို အိမ်ရှေ့က ဖိနပ်စီးနေတဲ့ မျိုးညီထက် ကဘာမှ မဖြစ်သလိုနှင့်.. "အင်း. ပြေမှာပေါ့""နင့်ညီ ကြည့်ရတာ အခုတလော မြူးနေတယ်.. ရည်းစားတွေ ဘာတွေများရနေလား မသိဘူး.. စုံစမ်းပါအုံး သားကြီးရယ်"
"အာ့တာကတော့ .. အမေ့သားကို အထင်ကြီးလွန်းအား ကြီးနေတာ မဟုတ်ဘူးလား အမေ 😆"
_______#
ဒီနေ့က နေရှင်းကိုကို ရဲ့ အသင်း သန့်ရှင်းရေးလုပ်ရမည့် နေ့ ဒါကြောင့် နေရှင်းကိုကို ကျောင်းစောစော လာမည်လေ။
"မနက်စောစော လာတာကြောင့် မနက်စာလဲ စားမလာလောက်ဘူး 😁 ဒါဆို သူနက် Canteen တူတူထိုင် မနက်စောစော သူ့မျက်နှာလေးကြည့်ပြီး မနက်စာများသာ စားလိုက် ရရင်ဖြင့်🤔.. ဟွင်း ဟွင်း😁😁 " ခန့်ညီ ကို့ အတွေးနဲ့ ကို အလုပ်များနေစဉ် ကားပေါ်တက်လာသော အမေနဲ့ အကိုကြောင့် ပြုံးဖြီးဖြီး ဖြစ်နေသော ရုပ်ကို အမြန်တည်ကာ ခုံကို ကျောမှီပြီး အပြင်ကိုသာ ငေးကြည့်နေလိုက်သည်။အတွေးထဲ လွင့်မျောနေစဉ် ကျောင်းရှေ့ရောက်ကာ ကားရပ်လိုက်သောကြောင့် ကားပေါ်က ဆင်းမည်အလုပ်..
"သားငယ် ဒီနေ့ မင်းအကိုက ကျောင်းကို နေ့တစ်ဝက်ဘဲ တက်မှာနော်.. အာ့ကြောင့် မေမေ နေ့လည် ကျောင်းလာကြိုမှာ "
"အင်းဘာ.. သားသိပါတယ် 😁 အာ့ဆို သွားတော့မယ်နော်"ကားတံခါး ဖွင့်မည် အလုပ်.."နေပါအုံး သားငယ်ရယ် မေမေ စကားမဆုံးသေးဘူးလေ ဘာတွေ လောနေရတာလဲ 😏"
"မလောပါဘူး မေမေရဲ့.. ပြောလေ ဒါပေမဲ့ မြန်မြန်နော် 😁"
"😏 နေ့လည် လာကြိုမယ် ပြန်လိုက်ချင်ရင်..ကြိုပြင်ပြီး Gate ပေါက်ကနေစောင့်နေ ."
YOU ARE READING
ရင်ခုန်သံစတင်ရာ
Non-Fictionခြူး အတွက် ပထမဆုံးခြေလှမ်းပါ။aunthor ပေါင်းများစွာရဲ့ fic တွေဖတ်ရင်း ကိုယ်တိုင် ပုံဖော်ထားတဲ့ ဇာတ်ကောင်လေးတွေ ရှိရင်ကောင်းမှာဘဲလို့ တွေးမိလို့ ficတွေ ရေးဖို့ ဆုံးဖြတ်ခဲ့မိတယ်~ ခြူး ကိုယ်တိုင်က LGBT ကိုလက်ခံသလို fujoshi လဲဖြစ်လို့ bL တွေကို အရမ်းသဘေ...