သန်လျင်မြစ် ရဲ့ ရေပြင်ပေါ် ဖြာကျနေသည့် ညနေခင်း
နေရောင်ခြည်သည် ထို လူသား နှင့် မည်သို့ မည်ပုံပင်
လိုက်ဖတ်လွန်း လှသည်ကို ကျွန်တော် ရှင်းပြဖို့ရာ
စကားလုံးများ ရှာဖွေ ရအုံးမည်.. သေချာသည်က ကျွန်တော့်
အကြည့်တို့သည် ထို ကလေးလေး ဆီမှပင် လွှဲလို့ မရခဲ့ပေ။🧡🌻🧡🌻🧡
"ညီလေး...ညီလေး ထတော့ မှတ်တိုင် ဂိတ်ဆုံးနေပြီ"
"ဟင်...အခု က ဘယ်ကိုရောက်နေတာလဲ?ဟို..အကိုရော?"
"အခုက ပန်းဆိုးတန်းမှာ ညီလေး ကားက ဂိတ်ဆုံးနေပြီ ..
မင်း ပြောတဲ့ အကို တော့ ငါလဲ မသိဘူး.."
"Ahh...sorry ပါ ဗျ ကျွန်တော်ဆင်းတော့မယ်နော်
ကျေးဇူးပါဗျ "ခပ်မြန်မြန်ပင် ကားပေါ်မှ ပြေးဆင်းလိုက်ရသည် မဟုတ်ရင်
ကားသမား က ကျွန်တော့်ကို သြဇာသီးတွေ ရောင်းတော့မှာ
သေချာနေသည်.."ဒီနေ့လဲ ခန့်ညီတို့ ကံမကောင်းပါလားနော်" ဟု ခပ်တိုးတိုး
ပြောရင်း 89 ကားပေါ်သို့ တက်ခဲ့လိုက်ရပြန်သည်။🍀🍀🍀🍀🍀
"ဟင်.. ဒါဆို နင့်ဟာက အိမ်မက်ပေါ့ "
စတင်း အအေး အနီကို တစ်ငုံသောက်ရင်း ပြောနေသော
ချယ်ရီ က ကျွန်တော့် အကြောင်း စိတ်ဝင်စား သည်မှာ သေချာ
သောကြောင့် စကားတို့အား ရှေ့ဆက်မိလေသည်.." အိမ်မက်...အင်း~~အဲ့လိုလဲ မဟုတ်ဘူးဟ သူ ဆိုတာကို
ငါ သေချာသိတယ်ဟာ.. ပြီးတော့ ငါ့ ကို ပြုံးကြည့်နေတာလဲ
သေချာတယ် ဒါပေမဲ့ ငါ ဝေဝါးနေမိတာ""ခန့်ညီ ... နင် မဟုတ်မှ "
ကျွန်တော် ခဏ နှုတ်ဆိတ်မိသွားသည် ထို့အတူ ချယ်ရီ
သည်လဲ အကြောင်းမဲ့ စတင်း ဖန်ပုလင်း အား
စိုက်ထားသည့် အအေးပိုက် ကိုပင် လှည့်နေလေသည်.." ခန့်ညီ ငါ နင့်ကို မေးခွန်းတွေ မေး Pressure တွေပေးပြီး
အလားတူ ပုံစံမျိုးတွေနဲ့ ထပ်မခံစားစေချင်တော့ဘူး ပြီးတော့.""ချယ်ရီ ငါတို့ ဒီစကား ကို ဒီမှာဘဲ ရပ်ပြီး ဒီ အကြောင်းအရာ
တွေကို ဆက်မဆွေးနွေးဘဲ နေကြရအောင်လား.. ငါ ခဏတာ
စိတ် လွတ် သွားတယ်လို့ဘဲ သဘောထား လိုက်ဟာနော်"
YOU ARE READING
ရင်ခုန်သံစတင်ရာ
Non-Fictionခြူး အတွက် ပထမဆုံးခြေလှမ်းပါ။aunthor ပေါင်းများစွာရဲ့ fic တွေဖတ်ရင်း ကိုယ်တိုင် ပုံဖော်ထားတဲ့ ဇာတ်ကောင်လေးတွေ ရှိရင်ကောင်းမှာဘဲလို့ တွေးမိလို့ ficတွေ ရေးဖို့ ဆုံးဖြတ်ခဲ့မိတယ်~ ခြူး ကိုယ်တိုင်က LGBT ကိုလက်ခံသလို fujoshi လဲဖြစ်လို့ bL တွေကို အရမ်းသဘေ...