Ep-3

531 37 2
                                    

ကျွန်တော့် ဘေးက ရပ်ထားသော ကားထဲသို ဘာရယ်မဟုတ် ကြည့်မိလိုက်တော့ မဲနက်၍တောက်ပစွာရှိနေပုံက အပြင်ကထွန်းလင်းနေသော နေမင်းကဲ့သို့ပင်။ကျွန်တော့် သူအားငေးကြည့်နေမိသည်မှာ မည်မျှလောက်ကြာသည်မသိ မေမေ့ရဲ့ခေါ်သံပင် မကြားတော့ချေ။ "သားငယ် ဆင်းတော့လေ ကျောင်းရောက်နေဘီ နင့်အမ တောင်ဝင်သွားပြီ" ဟူသော မေမေ့ စကားသံကြောင့် ကြည့်လိုက်ရာ မမကသူ့ သူငယ်ချင်းမ တစ်ယောက်ကိုဖက်၍ ကျောင်းထဲဝင်သွားသည်ကိုတွေ့လိုက်သည်။ ထို့နောက်ကားပေါ်က ဆင်းမည်အလုပ် "ပေါက်စီ"ဟူ၍ရေရွတ်ကာ တစ်ဖက်ကားမှ ကောင်လေးအား ရှာနေလေ၏။ မေမေက "ဘာ ပေါက်စီလဲ?သားစားချင်လဲ နောက်နေ့ မေမေဝယ်ကျွေးမယ် အခုကျောင်းထဲဝင်တော့ နောက်ကျမယ်"မေမေ့ပြောစကားကို မကြား ဖြူဖွေးသောအသားအရည် နှင့် ခပ်အုပ်အုပ် ဖြစ်နေသော ဆံပင်တို့ကြောင့် ထိုလူသားလေးအား 'ပေါက်စီ' ဟူ၍သာ အမည်တပ်မိ။မေမေ့ရဲ့ ပြောစကားတွေကို မကြားတော့ ကားပေါ်မှ ဆင်းကာ နေရှင်းကိုကိုရဲ့ ကျောင်းသားဘဝ တစ်နေ့တာ အစဖြစ်သည့် ကျောင်းစောင့်ကြီးအား နှုတ်ဆက် လိုက်လေ၏။ နေရှင်းကိုကို ဆိုသော ထိုလူသားသည် ယဉ်ကျေး၏ လိမ်မာ၏ ရိုကျိုး၏ ဒါတွေကလဲ သေသွားတဲ့ အမေဘက်က အဖွားရဲ့ အမွေ ဖြစ်လိမ့်မည်။ နှုတ်ဆက်ပြီးသည်နှင့် IEC ဟူသော ဆိုင်းဘုတ်ကြီးအောက်၌ ခမ်းနားမှု ထည်ဝါမှုတွေ နှင့်တင့်တယ်နေသော ကျောင်းဝင်းထဲ သို့သွက်လက်သော ခြေလှမ်းများနှင့် ဝင်လာလိုက်သည်။ ဝင်လိုက်သည်နှင့် ပထမ တွေ့လိုက်ရသည်မှာက မြေနီလမ်းလေးတွေပင် ဒါကလဲ ကျောင်းရဲ့ ပြယုတ် တစ်ခုဆို မမှားပါ။
####✌
မျက်ဝန်းတွေ~ဒီမျက်ဝန်းတွေကို ငါဘာကြောင့် စိုက်ကြည့်မိနေတာလဲ။အကြည့်လွဲရန် ကြိုးစားသော်လဲ မရ။ထို့နောက် စိတ်ကို မရမက စုစည်းကာ ကားပေါ်က အမြန်ဆင်းပြီး ကျောင်းထဲ ဝင်လာလိုက်သည်။ကျောင်းကြီးက မိုက်လိုက်တာ ဆိုသော မျိုးညီထက် စကားကို တုံ့ပြန်မနေ ၈တန်းဆောင်ကိုသာ ရှာနေမိသည်။ထိုအချိန် မတွေ့ချင်၍ ရှောင်ဖယ်ခဲ့သော မျက်ဝန်း အညိုရောင် ပိုင်ရှင်။ထိုလူသားအား ဖျပ်ကနဲ တွေ့တာတောင် ခုန်နေသော ရင်ဘက်ထဲက အရာလေးကို ခန့်ညီထက် ကြိတ်၍ဆဲလိုက်မိသည်။တရားခံ မျက်စံညို ပိုင်ရှင်ကတော့ ကျောင်းစောင့်ကြီးအား သွားစွယ်လေးများ ပေါ်သည့်တိုင်ရယ်ပြနေလေ၏။ကျောင်းထဲဝင်လာသော နေရှင်းကိုကို ကြောင့် ဘေးမှာရှိတဲ့ သစ်ပင်နောက် အမြန်ဝင်ပုန်းကာ ခုန်နေသော ရင်အားလက်ဖြင့် ဖိကပ်ကာ တားနေသော ကောင်လေးတစ်ယောက်ကိုတော့ နေရှင်းကိုကို မမြင်ခဲ့သည်မှာ နှမြောစရာ ကောင်းလှသည်။
####✌
ဒီနေ့က စာသင်နှစ် ပထဆုံးနေ့ မတွေ့တာ ကြာသော သငယ်ချင်းများစွာက အော်ဟစ်ပြောဆိုနေသောကြောင့် စာသင်ခန်းက အနဲငယ် ဆူလှသည်။ ထိုဆူညံသံတွေရဲ့ တစ်ဝက်လောက်ကတော့ နောက်ဆုံးတန်းမှသာ။ နေရှင်းကိုကိုနှင့် သူရဲ့ချစ်လှစွာသော သူရလင်း တို့နှစ်ယောက်သည် လွန်စွာခင်မင်ကြ၏။IEC ဟူသော private school စဖွင့်ထဲက တက်ခဲ့သော ထို၂ယောက်ရဲ့ ခင်မင်မှုက ၂နှစ်မျှသာ။သို့သော် ညီအကို မရှိသော သူတို့ ၂ယောက်ဖို့တော့ ညီအကိုရင်းလို ခင်မင်တာ မဆန်းပေ။ ထိုသို့ ဆူညံသံများကို ဖြိုခွင်းသူကတော့ အတန်းစောင့် ဆရာမ သာဖြစ်၏။ ဆရာမ ဝင်လာသည်နှင့် နောက်က ကပ်ပါလာသော လူသားလေးဆီသို နေရှင်းကိုကို အကြည့်ရောက်မိနေသောအခါ ထပ်မံမြင်တွေ့ချင်မိသော မျက်စံအနက်နှင့် အနှီလူသား သူထင်တာ မလွဲလျှင် "ပေါက်စီ" ဟူရေရွတ်လိုက်မိသည်။ထိုနောက် ဆရာမမိတ်ဆက်ပေး၍ သူနမည် ခန့်ညီထက် ဟုသိလိုက်သော်လဲ 'ပေါက်စီ'ဟုသာ ရေရွတ်နေလေ၏။
####✌
"ဟူး ၈တန်းဆောင်ရှာရတာ မလွယ်ပါလား ကျောင်းက ကြီးတော့ ရှာရတာခက်လိုက်တာ 😪 ဒီအတိုင်းဆို ငါဒီနေ့စာသင်ရပါအူးမလား?" စိတ်ပျက်လက်ပျက်နဲ့ အခန်းရှာနေတုန်း ဆရာမ တစ်ယောက်နှင့်တွေ့ကာ ၈တန်းဆောင်ကို ရောက်လာပြီလေ။အတန်းဆရာမ ဆိုသော အသက်ခပ်ငယ်ငယ် ဆရာမနောက်သို လိုက်ရာ အခန်းတစ်ခန်းရှေ့သို ရောက်ချိန် အခန်းတွင်းမှ ထွက်လာသော အသံ ခပ်စူးစူး ကြောင့် ဆရာမ သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ တံခါးဖွင့်လေသည်။ထိုအခါမှသာ သူတို့မဟုတ်သကဲ့သို့ ပတ်ဝန်းကျင်က တစ်ဖန် တိတ်ဆိတ်နေပြန်ပြီလေ။ ထို့နောက်ဆရာမက သူ့နမည်ပြောပြခြင်းကြောင့် အကြောင်းမဲ့စွာ အခန်းတွင်းအား ဝေ့ကြည့်မိရာ နောက်ဆုံးတန်းတွင် ထိုင်ကာ ပြုံးစိစိ ဖြင့်ကျွန်ုပ်အား ကြည့်နေသော မျက်စံညို တစ်စုံ တွေ့လိုက်ရသည်နှင့် တည်ငြိမ်စပြုနေသော ဘက်ဘက်ရင်ဘက်ထဲက အချက်ပြကရိယာက အချက်ပြပြီလေ။မကြည့်မိအောင် နေရင်း ဆရာမရဲ့ "နောက်ဆုံးက နေရှင်းတို့ ခုံဘေးဝင်ထိုင်လိုက်နော်" ဆိုတဲ့ စကားကြောင့် တိတ်ဆိတ်မှုကြီးစိုးနေသော စာသင်ခန်းသည် စကြာဝဌာ ကဲ့သို့ မဲမှောင်သွားသည်။ ငြင်းဆန်ချင်သော်လဲ "ဟုတ်" ဟုပြောကာ မျက်စံညို ရှိသည့်အနားသွားကာ ထိုင်မိလိုက်၏။
စည်းချက်မညီစွာ ခုန်နေသော ရင်ဘက်အား ဖိကပ်ကာ အသံမထွက်ရန်ကြိုးစား နေရသောကြောင့် မုန့်စားကြောင်း စဉ်းသည်တောင် သတိမထားမိ။
####✌
"ဘာကြောင့် ရင်ဘက်ကို အာ့လောက်ဖိနေရတာလဲ။ နှလုံးရောဂါများရှိလို့လား?နှလုံးအောင့်နေလို့ များလား?နေမကောင်းဘူးလား?မဖြစ်နိုင်တာ ပထမဆုံးနေ့မို့ ရင်ခုန်နေတာနေမှာပါ" ဟုတွေးတောနေသော ဘေးက အကောင်ကို သူရ ကြည့်မရတော့ပေ။ "ဟေ့ကောင်ရာ မင်း မျက်လုံးကြီးလဲ ခန့်ညီဆီသွားကပ်တော့မယ် ဘာ့ကြောင့် အာ့လောက်ကြည့်နေရတာလဲကွာ"သူရ ရဲ့ ဆင်ဆာ ဖြတ်အော်ပြောမှုကြောင့် လန့်ဖျန့်ကာ ရေးလက်စ ပထဝီကိုသာ ဆက်၍ ရေးနေမိသည်။ "နေပါဦး နေရှင်းရ မင်းက ခန့်ညီနဲ့ သိလို့လား? ငါကြည့်နေတာ ကြာပြီ မင်းသူ့ကိုကြည့်ပြီး ပြုံးလိုက်မဲ့လိုက်နက် စကားပြောချင်လို့လား ငါဖယ်ပေးရမလား?" ကျွန်တော် ပေါက်စီလေးအား ကြည့်ချိန် မည်မျှကြာသိ မသိလိုက် သူရကတော့ အားလုံးသိနေပြီလေ။"ငါနက်မသိပါဘူးကွ ဒီအတိုင်း ကျောင်းသားသစ်မို့ ကူညီစရာ ရှိမလာ ကြည့်နေတာပါ"ကျွန်တော် ပြောသော်လည်း သူရက ရယ်မောက "ငါတို့ အတန်းကို ပြောင်းလာတာ ကျောင်းသားသစ် ၄ယောက်ဆိုတာ မေ့နေသလား ဟင်!ကူညီချင်လဲ ၄ယောက်စလုံး ကူညီပါလား ဖေ့သားကြီးရာ"
"မသိဘူးကွာ"ဟူ၍သာ ကျွန်တော် ပြောနိုင်သည်။ ကျွန်တော်လဲ မသိပါ ထိုလူသား တစ်ယောက်နှင့်ပတ်သတ်တဲ့ ခံစားမှု မှန်သမျှကိုပေါ့...."ဟူး" ဟူ၍ သက်ပြင်းရှည်တစ်ချက်ဆွဲရင်း မုန်စားဆင်းရန် ပြင်ဆင်လိုက်တော့တယ်။
####✌
မုန်စားဆင်းသည်နှင့် ဘောလုံး ဘုရင်သူရကတော့ အစအန ပင်မတွေ့ရတော့ချေ။ပစ္စည်းများ သိမ်းဆည်းပြီး ကန်တင်းသွားမည်ပြင်တော့ ပစ္စည်းတွေ သိမ်းရင်း တစ်စုံတစ်ရာ အားငယ်နေသော ပေါက်စီလေးကြောင်း ရင်ထဲက အောင့်သလို ဖြစ်သွားသည်။"ငါ့ကို ဘာကြောင့် ပြုစားနေရတာလဲ ပေါက်စီရာ"တိုးလျစွာ ရေရွတ်ရင်း ထိုပေါက်စီလေး ဘေးသို့ လေးလန်တဲ့စွာ ခြေလှမ်းလိုက်မိတော့သည်။"ခန့်ညီထက်" ကျွန်တော် ခေါ်လိုက်သည်မှာ နမည် မမှားပါ သို့သော် ကျွန်တော့်အား အံ့အားသင့်စွာကြည့်နေသော မဲနက်ပြီးတောက်ပလှသော မျက်ဝန်းတွေကြောင့် ကျွန်တော် မသိလိုက်ခင်ပင် ရေရွတ်လိုက်မိသည် "ပေါက်စီ"

#ဒီficလေးက တကယ်တော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူသား နှစ်ယောက်ပါ။အကြောင်းအရာတွေကလဲ တကယ်ဖြစ်ခဲ့တာတွေ ဆိုတာ အရင်ပြောချင်တယ်။ဒါပေမဲ့ ရည်းစားတွေတော့ မဖြစ်ခဲ့ကြဘူး..သူတို့ အကြောင်းအရာလေးတွေကို အနည်းငယ်ပြောင်းလဲ ပြီးရေးထားတာပါ..ပြီးတော့ အခု အခြေခံ ထားတဲ့ ကျောင်းလေးက အတိတ် ခပ်လှမ်းလှမ်း ၆နှစ်က ရွာမကျောင်းလမ်းပေါ် ICEC ကျောင်းက လူသားလေးနှစ်ယောက် ✨✌

ရင်ခုန်သံစတင်ရာ Where stories live. Discover now