Ep-12

262 18 1
                                    

"ဟာ.. သားကြီး ကျောင်းလာပြီလား? 😆ငါက ဒီနေ့ result ထွက်မဲ့ နေ့မို့ မင်းကျောင်းလစ်ပြီ ထင်နေတာ "

"ဝင်းခန့်.. ငါမင်းနဲ့ ရန်ဖြစ်ဖို့ အားမရှိဘူး 😒"

"မျက်နှာကြီးကလဲ ကွာ ပျက်လှချီလား 😆 ဘာလဲ crush လေးနဲ့ ခွဲရတော့မှာမို့ ငိုချင်နေတာလား?"

"😳ဝင်း.. ဝင်းခန့် ငါ့crush ကို မင်း..မင်းက သိလို့လား?"

ကျွန်တော် Gayဆိုတာ ဝင်းခန့်သိလို့မဖြစ်။သိခဲ့ရင် သူ ကျွန်တော်ကို ရွံသွားမှာ ကျွန်တော်သိသည်။ ကျွန်တော် ညီအကို တစ်ယောက် မဆုံးရူံးချင်ပါ။ အထူးသဖြင့် ဒီကျောင်းမှာ နေရှင်း ပြီးရှင် သံယောဇဉ်အတွယ်ဆုံး ဝင်းခန့်ကို မဆုံးရူံးနိုင်ပါ။

"မင်းက တကယ်ဘဲ Crush ရှိလို့လား ?"

ကျွန်တော် အတွေးတွေ နယ်ကျွံနေချိန် ကျွန်တော်တို့ ဘေးခုံတွင်ထိုင်ကာ စာအုပ်ထုတ်ရင်း လှမ်းမေးနေသော ကျွန်တော့် ဖူးစက်ဖက်...
"ဟာကွာ.. မရှိပါဘူး 😁 ငါက ဒီအတိုင်း result ထွက်ခါနီးမို့ စိတ်လှုပ်ရှားပြီး မျက်နာ ပျက်မိတာဘာ"

"အာ့တာဆို ငါနဲ့ ခွဲရမှာမို့ စိတ်မကောင်းဖြစ်နေတာ မဟုတ်ဘူးဘဲ 😊
ဟျောင့် ဝင်းခန့် ညနေ ဘောကန်ဖို့ ကိစ္စ သူရဆီသွားမို့ လိုက်ရင် လိုက်ခဲ့လေ။"

အပြုံးတု တစ်ခုနဲ့ ပြောကာ ကျွန်တော့်ကိုပင် မကြည့် ဝင်းခန့်ကို ခေါ်ပြီး အခန်းထဲက ထွက်သွားသောသူ ကိုကြည့်ရင်း ထို နေရာတွင် ရပ်ကျန်ခဲ့သူကတော့ ကျွန်တော် တစ်ယောက်ထဲသာ..

____***____
"ကဲ.. ကလေးတွေ မင်းတို့ရဲ့ result ကို သမီး သီသီဟန် အော်ပေးလိမ့်မယ် တခါတည်း အခန်းတွေပါ အော်ပေးလိမ့်မယ် သေချာ နားထောင်..နေ့လည် break time ဆိုရင် အခန်းပြောင်းရမယ်။ ကဲ သမီး အော်ပေးလိုက်"

အတန်းစောင့် ဆရာမရဲ့ အမိန့်ပေးခိုင်းစေမှုအောက်မှာ roll no အလိုက် အခန်းတွေကို အော်နေသူ သီသီဟန်။ ကျွန်တော့် ခုံနံပါတ် မရောက်ခင် တခုံကျော် နေရှင်း roll no ရောက် သီသီဟန် ခတ္တ ငြိမ်သက်သွားသည်။

"နေရှင်း နင် ဘယ်လို ဖြစ်တာလဲ?😒 အဆင့်တွေ ကျသွားတာ မြင်လို့ မကောင်းဘူး နင် ဖွန်ကြောင်နေလို့မလား?"

ရင်ခုန်သံစတင်ရာ Where stories live. Discover now