ဒီနေ့ နဲ့ဆို ကျောင်းပိတ်တာ ၂ရက်မြောက်နေ့။ ခန့်ညီ အိပ်ယာက မထသေး။ ထိုအချိန် အခန်းတံခါးခေါက်သံကြား၍
"မေမေရာ သားအိပ်နေတယ်လေ.. နဲနဲလောက် အလိုက်သိပါလား ဗျာ""ဟဲ့.. ငါမွေးထားတာ လူနော် ကာလနဂါး မဟုတ်ဘူး 😡စာကျက်ဖို့ ကျောင်းပိတ်ပေးတာ နင်သေဖို့ ပိတ်ပေးတာ မဟုတ်ဘူး..😡 သူများ သားသမီးတွေ မနက်စောစောထ စာလုပ်နေပြီ.ဟဲ့ ထစမ်း $@+××%$%+......."
ဒီပုံအတိုင်းဆို ကျွန်တော် ဆက်အိပ်၍လဲ ရမည်မဟုတ်တော့။
"ဟုတ်ပြီ.. အမေ သား ထပြီနော် 😊 ဆက်မပြောနဲ့တော့ အမေ မောမယ် ..သားမျက်နှာသစ်ပြီး ထွက်ခဲ့မယ်နော် ""နင့်ပြောရင် အာ့အတိုင်းကြီးဘဲ ..ငါလဲ တစ်နေ့တစ်နေ့ နင့်ပြောနေရတာနဲ့ဘဲ အသက်တိုမယ် မျက်နာသစ်ပြီးရင် မနက်စာပြင်ပေးခဲ့တယ် မနက်စာစား ငါ နင့်အကို ကျူရှင်လိုက်ပို့ပြီး သွားစရာ ရှိတယ် ညနေမှ နင့်အကိုနဲ့ ပြန်လာမယ်.. စာလဲ ကျက်အုံး 😠"
"အင်းပါ အမေရာ.. သွားတော့ ကိုကြီး နောက်ကျနေမယ်..သား ကလေး မဟုတ်တော့ဘူး လုပ်တတ်တယ်"
"နင် ပြောလိုက်ရင် မလုပ်တတ်တာ မရှိဘူး ပြီးရင် $#@!*^..."
အမေ့ရဲ့ Rap ရွတ်နိုင်စွမ်းကို ခန့်ညီ ဆက်မကြားနိုင်တော့ ဒါကြောင့် ရေချိုးခန်းထဲ အမြန်ဝင်ကာ တံခါး Lock ချလိုက်ရသည်။
ရေချိုး မျက်နှာသစ်ပြီး အခန်းထဲကထွက်တော့ တစ်အိမ်လုံး တိတ်ဆိတ်နေခြင်းကြောင့် အမေ ထွက်သွားပြီဆိုသည်မှာသေချာသည်။ ခန့်ညီ ထမင်းစားခန်းဆီ ဦးတည်သွားကာ မနက်စာ စားရင်း အခန်းထဲက ph မြည်သံကြောင့် အခန်းထဲကို ပြေးသွားကာ phကိုင်လိုက်သည်။
"Hello~""ခန့်ညီလား?"
"သြော်.. ဝင်းခန့်လား? အေး ပြော ငါခန့်ညီ"
"အေး.. မင်း ဒီနေ့ အားလား?"
"ဒီနေ့ 😕 အားတော့အားတယ် ဒါမဲ့..."
"အားတယ်ဆို အပြင်သွားရအောင် နေရှင်းတို့လဲ ပါမှာ"
"ဘာ...😲 နေရှင်း နဲ့ အပြင်သွားရမယ်"
"ဟာ..ဟျောင့် ဖြေးဖြေးအော်ပါဟ နားထောင်ကွဲမယ်။ နေရှင်းတို့ပါ ပါမယ်ပြောတာ မင်းနဲ့၂ယောက်ထဲ သွားခိုင်းတာ မဟုတ်ဘူး"
YOU ARE READING
ရင်ခုန်သံစတင်ရာ
Non-Fictionခြူး အတွက် ပထမဆုံးခြေလှမ်းပါ။aunthor ပေါင်းများစွာရဲ့ fic တွေဖတ်ရင်း ကိုယ်တိုင် ပုံဖော်ထားတဲ့ ဇာတ်ကောင်လေးတွေ ရှိရင်ကောင်းမှာဘဲလို့ တွေးမိလို့ ficတွေ ရေးဖို့ ဆုံးဖြတ်ခဲ့မိတယ်~ ခြူး ကိုယ်တိုင်က LGBT ကိုလက်ခံသလို fujoshi လဲဖြစ်လို့ bL တွေကို အရမ်းသဘေ...