Ep-17

134 6 0
                                    

အချိန်အားဖြင့် ည 11 ခွဲ ကျိန်းစပ်နေသော မျက်လုံး အစုံကို လက်ဖြင့် ပွတ်သက်ရင်း ရေးလက်စ စာကို ဆက်ရေး
နေမိသည်။

"အား သေမလိုဘဲ ဒီ မျက်လုံးတွေကလဲ.. စာ လုပ် ပြီဆို ဘယ်လိုတောင် ပိတ်ပိတ်သွားရတာလဲ! ဒီ ခေါင်းကြီးထဲမှာ ရော ဦးနှောက်က ရှိသေးရဲ့လား? ဘာလို့ ရေးကျက်လဲ မရ နှုတ်တိုက်လဲ မရ ဖြစ်နေရတာလဲ ကွာ.. "

"ဟားဟား.. အမောင် ခန့်ညီတို့ကတော့ စလာပြီ ချယ်ရီမရေ "

"အေးဟယ်~ အမြဲတမ်းစာကျက်ပြီဆို 'သေရင်ပါမှာလား' ဆိုပြီး game ဆော့နေတာ ဘယ်သူလားလေ "

ခနဲ့ သလိုလို နဲ့ ဒဲ့ပြောနေ သော ဝင်းခန့် နဲ့ ချယ်ရီမ ကို ကျွန်တော် ဘာမှ ခွန်းတုံ့ပြန်မနေတော့.. ဘယ်လိုကျက်ကျက် ခေါင်းထဲ မဝင်သော "Carbon cycle" ကြီး ကို သာ တွေတွေကြီး ငေး ကြည့်နေမိသည်

" ဘာလိုလို နဲ့ ငါ တို့တောင် မနက်ဖြန် ဆို ကျောင်းကြီးနဲ့ ခွဲ ရတော့မယ်နော်.. ကျောင်းသား ဘဝကြီးတော့ တစ်ခန်းရပ် ပြီ ပေါ့ဟာ "

" အေးဟာ.. ဒါနဲ့ ခန့်ညီ မင်း အခုထိ နေရှင်း နဲ့ အဆက်အသွယ် မရဘူးလား "

ဝင်းခန့် နဲ့ ချယ်ရီ ပြောတာ ဟုတ်သည်။ မနက်ဖြန်ဆို ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲနောက်ဆုံးနေ့ ရောက်လာခဲ့ပြီ စိတ်ထဲ မယ် ဝမ်းနည်းသလိုကြီး.. သို့ပေမဲ့ နောက်ဆက်တွဲ ဝင်းခန့် ရဲ့ မေးခွန်း အတွက်တော့ ကျွန်တော့်မှာ အဖြေ မရှိ ဒါကြောင့် ပြုံးပြ ၍ သာ အခန်းထဲ က ထွက်လာခဲ့မိသည်။

"ဒီ ပုံစံ အတိုင်းဆို ခန့်ညီတော့ မလွယ်ဘူး ချယ်ရီရေ"

" ငါတို့ ကရော ဘာ လုပ်ပေးနိုင်မှာ မလို့လဲဟာ"

➡➡
အဖြေမရှိသော မေးခွန်းကိုပြန်ဖြေ ဖို့ ကျွန်တော် မစဉ်းစားချင်တော့ 1sub 1night လုပ်ခဲ့လို့သာ ခေါင်းထဲတွင်လဲ
ရှုပ်ထွေးနေခဲ့သည်
"ငါ အရမ်းပင်ပန်းနေပြီ နေရှင်း.. ငါ အရမ်းကို ပင်ပန်းနေခဲ့ပြီ
ဒီ အချိန်ငါ မင်းကို လိုအပ်တယ် ခဏလေး တကယ့်ကို ခဏ
လေးဘဲ မင်း ငါ့ရှေ့ပေါ်လာပေးလို့ မရဘူးလားကွာ!"

ကျွန်တော် တီးတိုးစွာ တိုင်တည် ပြောနေတာကို မကြားသည့်တိုင် မဲမှောင်နေတဲ့ ညဥ့်နက်ကောင်းကင်ကြီးကတော့ လ ကို ပိုမို ထွန်းလင်အောင် ပါရမီ ဖြည့်ပေးနေလေရဲ့...

ရင်ခုန်သံစတင်ရာ Where stories live. Discover now