ခင်ဗျားထွက်သွားပြီဆိုတဲ့ စိတ်နဲ့
လင်းလာတဲ့ မနက်ခင်းတွေဟာ ငရဲပဲ
ကိုလေးဖြူ သီချင်းထဲကတော့
ယုံကြည်ရာအတွက်ဆို
အသက်ကိုတောင် စတေးကြတယ်တဲ့
ခင်ဗျားမရှိမှတော့
ကျနော့်မှာ ယုံကြည်ရာလည်း မရှိတော့ပါဘူး
တစ်နည်းအားဖြင့်
ယုံကြည်ရာတွေ ပျောက်ဆုံးသွားတယ်ပေါ့
နှလုံးသားက ဒဏ်ရာတွေနဲ့
ခေါက်ရိုးကျိုးလာတဲ့အခါ
လူက ထောင့်မကျိုးတော့ဘူး
ကော်ဖီကို အကြိုက်သောက်တယ်
ဂျင်းဘောင်းဘီဝတ်တယ်
နာကျင်မှုနဲ့ လက်ချင်းချိတ်ပြီး
လောကကြီးဆီ လမ်းလျှောက်ထွက်တယ်
ပြီးတော့ ကဗျာရေးတယ်
ခင်ဗျားကို သတိရတိုင်း
ကိုယ့်ကိုကိုယ် ကျိန်ဆဲ
ကျနော့် ၂၄နာရီဟာလည်း
ဒီလိုနဲ့ ကုန်ဆုံးသွားခဲ့တာချည်း
နေ့စဉ်ရက်ဆက် ကိုက်နေတဲ့ ခေါင်းကို
ဘယ်တရားနဲ့ နှိပ်ပြီး ဖြေလို့ရမလဲ
ဘယ်လောက်မှိတ်မှိတ်
အိပ်မပျော်တဲ့ မျက်လုံးတွေကို
ကြာရင် အသေမှိတ်ပစ်မိတော့မယ်
အိုင်ကျနေတဲ့ ဦးခေါင်းထဲမှာ
ခင်ဗျားအကြောင်းတွေကတော့
အကောင်းအတိုင်း ရှိတုန်းပဲ
မေ့လို့ မရဘူး
ကျနော် လွမ်းတယ်
ခင်ဗျား ပျော် နေ ပါ စေ။#ပိုပိုဖီးနစ်
#ကျမရဲ့စိတ်ဝပ်ကျင်းများ
YOU ARE READING
ကျမရဲ့စိတ်ဝပ်ကျင်းများ
Sonstigesပိုပိုဖီးနစ်၏ စာသားများအား သဘောကျ၍ ပြန်တင်ခြင်းသာဖြစ်ပါသည်။ ထိခိုက်ပျက်စီးစေလိုသော ဆန္ဒတစ်စိုးတစိမျှ မပါရှိပါ။ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိပါ။ Unpublishedလုပ်ခိုင်းပါက တန်းလုပ်ပါမည်ဟု ဝန်ခံကတိပြုပါသည်။ ထိရှခံစားရသော စာအန...