စိတ်မှာထိုးထားသော တတ်တူးသည် သူဖြစ်သည်

575 42 0
                                    


၆။
သို့သော် ကျနော်တို့ ဆုံတွေ့ချိန်သည် အချိန်ကာလအားဖြင့်
သိပ်မကြာခဲ့ပါ။
နွေဦးကိုလည်း တစ်ဖန်ပြန်မရောက်သေးပါ။
သစ်ရွက်ခြောက်တွေလည်း မကြွေသေးပါ။
အဲ့ဒီနေ့က ကျနော်မြတ်နိုးသော သူ့ဆံပင်အခွေလေးများ
သူ့နှုတ်ခမ်းမွေးရေးရေးလေးများကို  တစ်စုံတစ်ယောက်ကြောင့် သူဖယ်ရှားပစ်ခဲ့သည်။
ကျနော်ချစ်သောကြယ်သည် သူချစ်သောတခြားကမ္ဘာသို့
ပြောင်းရွှေ့သွားခဲ့သည်။

*သိပ်စိုးရိမ်တယ်ဆိုတာ
မင်းဆော့တဲ့ ဂိမ်းထဲက
ဇာတ်ကောင်လေးဟာ ကိုယ်ဖြစ်ပြီး
ကိုယ့်ကို သေအောင် ကစားနိုင်တဲ့အတွက်
မင်းကျေနပ်ပျော်ရွှင်ခဲ့ရလားဆိုတာမျိုးပေါ့*







#ပိုပိုဖီးနစ်။
ကျမရဲ့စိတ်ဝပ်ကျင်းများ

ကျမရဲ့စိတ်​ဝပ်​ကျင်းများWhere stories live. Discover now