ကြေကွဲနေ့တွေ

1.5K 100 0
                                    

နံရံတွေမှာ နားတွေ ရှိတယ်ဆိုတာ ငါမယုံဘူး
တကယ်ဆို ငါ့တောင့်တမှုတွေကို ကြားတဲ့အခါ
သူတို့က မင်းကို ပြန်ပြောပြရမှာပေါ့
ဘဝရဲ့အအောင်မြင်ဆုံးအရာဆိုတာ
ငါ တစ်စစီ ပြိုလဲနေခြင်းကို ပြောတာ
မင်းထွက်သွားတဲ့အချိန်ကစ
ပျော်ရွှင်မှုကို ခံစားတတ်တဲ့ စိတ်တွေ
ငါ့ဆီမှာ လုံးဝကုန်သွားပြီ
ဒီမှာ မင်းအကြောင်းနဲ့ကိုက်နေတဲ့ ခေါင်းတစ်လုံးတော့ရှိတယ်
အိပ်မပျော်တဲ့ ညတွေတိုင်းကို
မင်းနာမည်နဲ့ အမှတ်စဉ်တပ်ထားတယ်
အိပ်ဆေးတွေ သောက်ကြည့်လည်း
အလုပ်မဖြစ်ပါဘူး
တစ်ချိန်က မက်ခဲ့ဖူးတဲ့
နှစ်ယောက်အတူဆိုတဲ့ လမ်းကလေးဟာ
အိမ်မက်ထဲမှာတင် ပျက်စီးသွားပြီ
ပျက်......စီး.....သွား......ပြီ
ငါ့ကိုယ်ငါ ကြည့်လိုက်တိုင်းလည်း
မင်းမျက်နှာပဲ တွေ့နေရတယ်
စုံလုံးကန်းနေတာ မျက်လုံးတွေ မဟုတ်ဘူး
အချစ်တွေအပြည့်နဲ့ ရင်ဘတ်ပါ
ပြောခွင့်မရှိသော စကားများဆိုပြီး
ဘုရားကို သွားလှူ လိုက်ရမလား
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
ငါ့နှလုံးသားကို အလောင်းကျွမ်းခံပြီး မီးပူဇော်လိုက်မှာ
အခု ငါ အလွမ်းနဲ့မျက်ရည်နဲ့
အဆင်မပြေမှုဟာ ငါ့စိတ်မှာ လင်လိုမယားလို နေသားကျလို့
ဒီရုပ်ရှင်မှာ ငါ့အတွက် ဒဏ်ရာတွေသာ ပါတော့လည်း
ကိုယ့်အနာကိုယ်လျှာနဲ့ ပြန်သပ်ရုံပါပဲ
ရင်ဘတ်ကို ဖိလိုက်တဲ့အခါတိုင်းတော့
"I love you"လို့ အော်နေဦးမယ်
ဘ ဝ အ ဆုံး ထိ။



#ပိုပိုဖီးနစ်
#ကျမရဲ့စိတ်ဝပ်ကျင်းများ

ကျမရဲ့စိတ်​ဝပ်​ကျင်းများWhere stories live. Discover now