စိတ်မှာထိုးထားသော တတ်တူးသည် သူဖြစ်သည်

596 53 0
                                    






*သူ့ခေါ်သံတွေအောက်မှာ
ကျနော့်နှလုံးသားဟာ
မာဆင့်သုညပဲ ရှိတယ်
ဘယ်အပူငွေ့မှ ပေးစရာမလို*


၁။
ဘယ်သူ့ကိုမျှ မရည်ရွယ်ပါဘူးလို့အော်ပြီး ပစ်လွှတ်လိုက်တိုင်း
သူရှေ့ချည်း ရောက်သွားတဲ့ ကဗျာတွေလို။
ကျနော့်အတွေးတွေကလည်း လမ်းခွဲတွေ
ဘယ်လောက်များများ သူ့ဆီမှာပဲ လမ်းဆုံးလေ့ရှိသည်။
ကျနော် မပိုင်ဆိုင်လိုသော လောဘလေး။
ကျနော့်ဆီ ခိုဝင်ကပ်တွယ်နေသော ဆန္ဒလေး။

*တစ်စုံတစ်ခုကို ဘဝလို့သတ်မှတ်ကြေးဆို
ကျနော့်အတွက်တော့ သူပဲဖြစ်လိမ့်မယ်*








#ပိုပိုဖီးနစ်
ကျမရဲ့စိတ်ဝပ်ကျင်းများ

-စကားနည်းနည်းလောက်ပြောချင်လို့ပါ။
-စာအရှည်ကြီးတွေ ဖတ်ရတာ မပျင်းဘူးမလား။
-ဒီစာအုပ်ထဲမှာက စာ အရှည်တွေပဲများလို့။
-အဲ့ဒါ ဒီတတ်တူးလေးပြီးရင်  အရှည်တွေကြည့်ပဲ တင်လိုက်မယ်နော်။
-မြန်မြန်လေးပြီးသွားအောင်လို့။
-စာမေးပွဲပြီးပြီဆိုတော့ မှန်မှန်တင်ပေးမယ်နော်။
-ကျေးဇူးပါ။

ကျမရဲ့စိတ်​ဝပ်​ကျင်းများWhere stories live. Discover now