စကားလုံးတွေလို့ မမြင်ဘဲ နှလုံးအိမ်က အသံတွေလို့ မင်းကြားပေးပါ

732 49 0
                                    




(၅)



အချိန်ကာလတွေကို ထိန်းချုပ်ကိုင်တွယ်လို့ ရတဲ့ခလုတ်တွေ ရှိရင် သိပ်ကောင်းမှာပဲ
အဲ့ဒီလိုသာဆို ငါ့အနား မင်းမရှိတဲ့ ရက်တွေကို ကျော်ပစ်လိုက်မယ်
အထီးကျန်မှုနဲ့ ငါနေသားကျသွားမှာကိုတော့...
မင်းလည်း မလိုလားဘူးမို့လား
မင်းဖုန်းမဟုတ်ရင် ကျန်တဲ့ အသံတွေ မှန်သမျှ ငါလည်း ငြင်းဆန်ပစ်ချင်တယ်
အိပ်မပျော်တိုင်းလည်း နှစ်ယောက်အတူရိုက်ထားတဲ့ ဓာတ်ပုံလေးကိုပဲ ရင်ဘတ်ပေါ် ကပ်ထားရတယ်
ပျော်ရွှင်မှုကတော့ ဒီနှစ်တွေ ငါ့ဆီမှာ အလုပ်မလုပ်တော့ဘူး




#ပိုပိုဖီးနစ်
ကျမရဲ့စိတ်ဝပ်ကျင်းများ

ကျမရဲ့စိတ်​ဝပ်​ကျင်းများWhere stories live. Discover now