"ကြွေ "
ပိုင်ဆိုင်မှုကို ချပြပါဆို
ချစ်ခြင်းမေတ္တာတွေပဲ ရှိပါတယ် ကြွေ
သတိရတယ်လို့ ပြောရင်
အဂတိလိုက်စားမှုကင်းတယ်ဆိုတာ ယုံပါကြွေ....
ငါ့အသက်ဓာတ်ကို ဆွဲဆန့်ချင်တဲ့အခါ
မင်းဆီကို ဖုန်းခေါ်ရပါတယ်
ငါ့ရှင်သန်ခြင်းအကြောင်းတရားကတော့
မင်းအပြုံးတွေ မြင်ရဖို့ပါပဲကြွေရယ်....
မင်းငိုတဲ့အခါ
တစ်ရှူးတစ်စအဖြစ် ငါ အသုံးဝင်ပါရစေ
မင်းလိုတဲ့အခါ
တံတိုင်းတစ်ခုလို ငါ သန်မာပါရစေ
ကျေးဇူးပြု ပြီး
မင်းလက်ကို ငါ့ဆီ ကမ်းလိုက်ပါ
ကျေးဇူးပြု ပြီး
မင်းနှလုံးသားကို ငါ့ဆီ လှမ်းလိုက်ပါကြွေ....
လက်သန်းချင်းချိတ်ဆက်လိုက်တာဟာ
ဘဝချင်း ပေါင်းစပ်ဖို့အထိ ရည်ရွယ်တာပါပဲ
မင်းအတိတ်ဖြစ်ဖြစ်
မင်းအရိပ်ဖြစ်ဖြစ်
ငါ့စိတ်တစ်ခုလုံးနှစ်ပြီးတော့ကို ချစ်ပါတယ်....။#ပိုပိုဖီးနစ်
ကျမရဲ့စိတ်ဝပ်ကျင်းများဖြောင်း...ဖြောင်း👏
နောက်ဆုံးတော့ ပြန်Feelရင်း ဖုန်ခါနိုင်ခဲ့ပြီ😝။
YOU ARE READING
ကျမရဲ့စိတ်ဝပ်ကျင်းများ
Randomပိုပိုဖီးနစ်၏ စာသားများအား သဘောကျ၍ ပြန်တင်ခြင်းသာဖြစ်ပါသည်။ ထိခိုက်ပျက်စီးစေလိုသော ဆန္ဒတစ်စိုးတစိမျှ မပါရှိပါ။ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိပါ။ Unpublishedလုပ်ခိုင်းပါက တန်းလုပ်ပါမည်ဟု ဝန်ခံကတိပြုပါသည်။ ထိရှခံစားရသော စာအန...