တယ်လီပသီကို အမှန်တကယ်ယုံကြည်၍ရပါသလား။
ကမ္ဘာပေါ်တွင် နှလုံးသားဖြင့် ခေါ်လျှင် နှလုံးသားဖြင့် ပြန်ထူးသည့် ရာခိုင်နှုန်း မည်မျှရှိသနည်း။
သူလည်းပဲ သတိရနေမှာပါဟု တွေးခြင်းသည် ကိုယ့်ကိုယ်ကိုယ်စိတ်ချမ်းသာအောင် ထားနည်းဖြစ်မည်ဟု ထင်၏။
ငယ်ဘဝက ကြိုးပြတ်သွားသော စွန်းကလေးနောက် ပြေးမလိုက်ခဲ့မိခြင်းကို ယခုမှ နောင်တရမိသည်။
ကျနော်မမြင်ရတဲ့ အဲ့ဒီဘက်ကရော နှင်းတွေ ကျနေမည်လား။
ပန်းတွေကတော့ အသေအချာ လှနေလိမ့်မည်ဟု ယုံကြည်ပါသည်။"သတိရခြင်းသည် ရပ်ကျန်နေခဲ့ခြင်းနှင့်
တိုက်ရိုက်အချိုးကျတတ်၏''#ပိုပိုဖီးနစ်
#ကျမရဲ့စိတ်ဝပ်ကျင်းများ
YOU ARE READING
ကျမရဲ့စိတ်ဝပ်ကျင်းများ
Randomပိုပိုဖီးနစ်၏ စာသားများအား သဘောကျ၍ ပြန်တင်ခြင်းသာဖြစ်ပါသည်။ ထိခိုက်ပျက်စီးစေလိုသော ဆန္ဒတစ်စိုးတစိမျှ မပါရှိပါ။ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိပါ။ Unpublishedလုပ်ခိုင်းပါက တန်းလုပ်ပါမည်ဟု ဝန်ခံကတိပြုပါသည်။ ထိရှခံစားရသော စာအန...