ဗလာသက်သက်ကောင်မို့
ကဗျာဆန်မပြတော့ဘူး
အဝေးမှာ သာနေလည်း
ခင်ဗျားက ကျနော်ချစ်တဲ့ လပါပဲ
...ကံကိုပဲ ပုံချပါတယ်...
ထိမှတ်ကို မရောက်နိုင်တဲ့ မြားလို
လမ်းတစ်ဝက်မှာပဲ ဒူးထောက်ခဲ့တာ မဟုတ်ဘူး
တကယ်တော့
မောကြီးပန်းကြီး ပြေးခဲ့တာ
...တားမြစ်နယ်မြေထဲကနေ
ခင်ဗျား ကျနော့်ကို လှောင်ပါ...
ပြန်ပြုံးပြဖို့တော့
ကျနော် ဘယ်လို အားယူရပါ့မလဲ
ဒါကိုရော အပြစ်လို့ ငြို ငြင်ချင်ပါသေးလား
ခင်ဗျားဓာတ်ပုံ ထောင့်စွန်းလေးထဲမှာပဲ
တိတ်တိတ်ကလေး ဝင်နေလိုက်တော့မယ်
နာနာကျင်ကျင် လွမ်းရဲတာလည်း
ကျနော့်မှာ ရှိတဲ့ သတ္တိတစ်မျိုးပါပဲ
...မနေ့ကထက် ဒီနေ့မှာ ပိုလွမ်းတယ်...
ဒါကို ခင်ဗျားသိဖို့
ဘယ်စတစ်ကာသုံးပြီး ပြရမလဲ
...ငိုနေတဲ့ အဝါရောင် emojiလေးဟာ ကျနော်ပါ...
ရင်ဘတ်ထဲက ခံစားချက်မှန်သမျှ
စမတ်ဖုန်းထဲကို ကော်ပီကူးမယ်
အသံနဲ့ပြလို့ မရသမျှ
စကားလုံးတွေ သုံးပြီး အော်မယ်
ခြစ်ပါ
မီးခြစ်တစ်လုံးလို ကျနော့်ကိုခြစ်ပါ
ခင်ဗျားပျော်ရွှင်ဖို့ဆို
ဘယ်လိုပူလောင်ခြင်းမျိုးနဲ့ဖြစ်ဖြစ်
တစ်ဘဝလုံး လောင်းကျွမ်းပေးပါ့မယ်။#ပိုပိုဖီးနစ်
ကျမရဲ့စိတ်ဝပ်ကျင်းများ
YOU ARE READING
ကျမရဲ့စိတ်ဝပ်ကျင်းများ
Rastgeleပိုပိုဖီးနစ်၏ စာသားများအား သဘောကျ၍ ပြန်တင်ခြင်းသာဖြစ်ပါသည်။ ထိခိုက်ပျက်စီးစေလိုသော ဆန္ဒတစ်စိုးတစိမျှ မပါရှိပါ။ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိပါ။ Unpublishedလုပ်ခိုင်းပါက တန်းလုပ်ပါမည်ဟု ဝန်ခံကတိပြုပါသည်။ ထိရှခံစားရသော စာအန...