နှလုံးသားကပြောသည်

627 45 0
                                    



ဘာပြောရမလဲ
ပျော်တယ်ပေါ့နော်
ဖွင့်လိုက်တဲ့ စာမျက်နှာတိုင်းမှာ
ချစ်ခြင်းမေတ္တာဆိုတဲ့ နေ့စွဲနဲ့
အတူတူဆိုတဲ့ တံဆိပ်ခေါင်းနဲ့
ဒီလက်ကို ဘယ်တော့မှမလွှတ်တော့
ဖြစ်နိုင်ရင် သံသရာအထိ ပူးချည်သွားချင်
ဘယ်ခြေကို လှမ်းတဲ့အခါ
ချစ်ရတဲ့အကြောင်းပြောပြီး
ညာခြေကို လှမ်းတဲ့အခါ
ပိုပြီးချစ်တဲ့အကြောင်းတွေပြောမယ်
သူရှိနေမှတော့
နိဗ္ဗာန်လည်း ဘယ်သွားတော့ပါ့မလဲ
စိတ်ကူးတွေထဲကလို
ကြယ်စုံညလည်း မလိုတော့
လာဗင်ဒါလည်း မလိုတော့
ဒီပုံအတိုင်းဆိုရင်ဖြင့်
မျက်လုံးတွေ မှိတ်ထားတောင်
ကမ္ဘာကြီးလှတာကို
ကိုယ် မြင်နေရတယ်။










#ပိုပိုဖီးနစ်
ကျမရဲ့စိတ်ဝပ်ကျင်းများ

ကျမရဲ့စိတ်​ဝပ်​ကျင်းများWhere stories live. Discover now