ခံစားချက်တွေက ရင်ဘတ်နဲ့ အပြည့်ပဲ
ဘာကိုမှ ဖောက်ချလို့ မရတော့
စီးကရက်တွေ ရှိုက်တတ်လာတယ်
ကိုယ့်အသက်ကလေး ကိုယ်ဆက်ချင်လာတဲ့အခါ
ကဗျာအဟောင်းတွေဆီ ပြေးကပ်ရတယ်
ဘာအလိုရှိပါသလဲလို့ လာမေးတဲ့သူများရှိခဲ့ရင်
ပျော်ရွှင်မှုဗျလို့ အကျယ်ကြီး အော်ဖြေပစ်မယ်
တစ်ခါတစ်လေတော့လည်း ဟုတ်ဟုတ် မဟုတ်ဟုတ်
အိန္ဒိယဇာတ်ကားတွေထဲကလို လူအများကြီးနဲ့
ခုန်ပေါက်ကချင်တယ်
ဆောင်းအငွေ့အသက်တွေ လာရိုက်ခတ်တော့
ဟောင်းနွမ်းသွားတဲ့ မေတ္တာခြုံထည်လေးကို ငေးရင်း
ကိုယ်တစ်ယောက်တည်း မျက်ရည်တွေနဲ့ အေးစက်စက်
ချစ်တယ် လွမ်းတယ်
ဒါ ကိုယ်တိုင်ပျိုးပြီးတော့ ကိုယ်ပြန်စူးတဲ့ ပန်းတွေပေါ့
နှုတ်လည်း မရဘူး ဖျက်လည်း မရဘူး
သူတို့က လှတယ်
နာနာကျင်ကျင်နဲ့ လှတယ်
စိတ်မှာ ပွင့်တဲ့ နှင်းဆီတွေ။#ပိုပိုဖီးနစ်
#ကျမရဲ့စိတ်ဝပ်ကျင်းများ
YOU ARE READING
ကျမရဲ့စိတ်ဝပ်ကျင်းများ
Randomပိုပိုဖီးနစ်၏ စာသားများအား သဘောကျ၍ ပြန်တင်ခြင်းသာဖြစ်ပါသည်။ ထိခိုက်ပျက်စီးစေလိုသော ဆန္ဒတစ်စိုးတစိမျှ မပါရှိပါ။ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိပါ။ Unpublishedလုပ်ခိုင်းပါက တန်းလုပ်ပါမည်ဟု ဝန်ခံကတိပြုပါသည်။ ထိရှခံစားရသော စာအန...