'ဖတ်'
'ဖတ်'
'ဖတ်'
ခြေသံဖွဖွလေးနဲ့ လျှောက်လာရင်း ထိုအိမ်ကြီးအား တစ်ချက်လှမ်းရှိုးလိုက်တယ်.....😮
'အိစ်...မြင်ယုံနဲ့တင် ကျောချမ်းချင်စရာ...😖'ဟုတွေးလိုက်ရင်း ပခုံးပေါ်မှ လွယ်အိတ်ကြိုးကို လက်ဖြင့် တင်းတင်းဆုပ်ကိုင်ရင်း မျက်စိစုံမှိတ်ကာ ထိုအိမ်ရှေ့မှ အပြေးထွက်လာခဲ့တယ်.....
ထိုအိမ်....ထိုအိမ်ဆိုတာက....
Ji Hoonတို့အိမ်ရဲ့ သုံးအိမ်ကျော် လမ်းချိုးလေးက နှစ်ထပ်တိုက် အဖြူရောင်လေးကို ပြောတာပါ....
လူမနေတာလည်းကြာပြီလေ.......
ပြီးတော့....သူညက တွေ့ခဲ့တဲ့ လူသတ်သမားဟာ ဒီအိမ်က ထွက်လာတာ ဖြစ်နိုင်သည်ဟု သူအခိုင်အမာပင် ကောက်ချက်ချခဲ့တာကြောင့်.......(အယ့်လယ့်...😜 Park Ji.Hoonတို့ အကြားအမြင်များ ရနေသလား😅)ကားဂိတ်လေးတွင် ကားစောင့်နေရင်း...
တအောင့်ကြာတော့...သူစီးရမယ့် busရောက်လာသည်မို့
တက်လိုက်တော့.....ကားပေါ်မှာ မနေ့ညက တွေ့ခဲ့တဲ့ လူသတ်သမားကြီး....😖ဒင်းက အကြောက်အလန့်မရှိ...
အွင်...သူက ကြောက်ရအောင် ဘာကြောက်ရမှာတုန်း
လူသတ်သမားကြီးကို....😫ခုံပေါ်မှာများ အိပ်နေလိုက်တာ ဖြဲကားပြီး....
ဝတ်ထားတာကလည်း...psychoသမားပုံစံ....😅
လက်ထဲမှာလည်း ကြွပ်ကြွပ်အိတ် အမည်းထုပ်ကြီး....😭ဗြဲ.....အဲ့..အဲ့ အထုပ်ကြီးထဲမှာ လူသေအလောင်းများလား?
😲😲Ji Hoon ကြောက်လန့်တုန်လှုပ်စွာ ထိုလူကြီးကို ကြည့်နေတုန်း ထိုလူကြီးက ဖျတ်ခနဲနိုးလာပြီးတော့ သားရည်တွေ ဘာတွေ သုတ်နေသေးတယ်.....
ပြီးမှ ဟိုကြည့် သည်ကြည့်နဲ့...Ji Hoonကိုမြင်တော့မှ..
စိတ်ထဲက ပြောလိုက်သည်က...
'ငှက်သိုက်မုန့်'တဲ့လေ....(linရယ်...နင်စားချင် ငါဝယ်ကျွေးမှာပေါ့😂)Guan lin သူ့မျက်စိရှေ့က Ji Hoonကို စူးစိုက်ကြည့်နေတော့ Ji Hoonခမျာ...ကားပေါ်ကပဲ ပြေးဆင်ရတော့မလို....