ရွာလယ်က ဆေးခန်းလေးဟာ...
ဘိုးဘိုး ဘွားဘွားတို့နဲ့ ပြည့်နေတယ်...Doctorတွေရော...
Nurseတွေရော....
တစ်ချက်မှမနားရပေ...."ဘိုးဘိုးရယ်....မတည့်တဲ့ အစားအစာတွေ
မစားရဘူးလေ...နော်..ကျွန်တော် ဆေးပေးလိုက်မယ် မှန်မှန်သောက်ရမှာနော်...နောက်တစ်ခါ လာပြတာ မတွေ့ချင်တော့ဘူး...ကျန်းမာအောင်နေနော်...ဘိုးဘိုး""ဟုတ်ကဲ့ပါ..ဆရာဝန်လေးရယ်
ဆရာဝန်လေးတို့က သိပ်သဘောကောင်းတာပဲ...
အလကားလည်း ကုပေးတယ်...
ကျေးဇူးပါကွယ်...""ရပါတယ်...ဘိုးဘိုးရယ်...
ဆရာမNaရေ..ဘိုးဘိုးကို တွဲပြီး ပို့ပေးလိုက်အုံး""ဟုတ်ကဲ့ပါရှင့်..."
အဘိုးဟာ ဆေးထုပ်လေးကိုင်ပြီး nurseမလေးနဲ့ အတူ ဆေးခန်းထဲမှ ထွက်သွားတယ်...
SeongWuလည်း အဖိုးအဘွားတို့ကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေရတယ်..."နည်းနည်း နာမယ်နော်...အဘွား
နာရင် ကျွန်တော့်လက်ကိုကိုင်ထား"ဆေးထိုးရမှာ ကြောက်တဲ့ ဘွားဘွားကိုတော့ Nielက ချော့မော့ကာ အကြောဆေး သွင်းပေးနေတယ်...
ဆေးသွင်းပေးပြီးတော့ nurseမလေးကပဲ ဘွားဘွားကို လက်တွဲကာ လိုက်ပို့ပေးတယ်...
ဘွားဘွားကတော့...ပြုံးပန်းဝေလျက်ပေါ့.....နေ့လည်ပင် ကျော်နေပြီမို့...
ဆေးခန်းခဏပိတ်ကာ...နေ့လည်စာစားရန် ပဲခေါက်ဆွဲမှာထားလိုက်တယ်....Nurseမလေးနှစ်ယောက်ဖြစ်တဲ့ Naနဲ့ Kimတို့ကတော့ ဆေးကောင်တာက အမှိုက်တစ်ချို့ကို သိမ်းဆည်းနေကြတယ်...
Danielကတော့ တစ်ဖက်ခန်းက SeongWuဆီသို့ သွားကာ ကပ်ချွဲတော့တယ်...
"OngOngလေး....ကိုတို့ ဒီည ညဈေးသွားရအောင်...နော်...နော်လို့"
ခုံတွင်ထိုင်နေသော Ongကို အတင်းဖက်ကာ ချွဲနေသော Nielကြောင့် Ongက မျက်လုံးတစ်ချက် စွေကြည့်ရင်း ပြောလာတယ်...