နာရီဝက်ခန့်အကြာမှာ....
အိမ်ထဲမှ KuanLinနဲ့ သူ့ရဲ့မိဘတွေ
ထွက်လာကြတယ်...
ခြံထဲက JiHoonတို့နဲ့ Ongတို့ကလည်း
အလိုက်သိစွာပင်...မတ်တတ်ရပ်ကာ...
အရိုအသေပေး နှုတ်ဆက်လိုက်ကြတယ်..."အင်း...သားတို့ရေ...
အန်ကယ်တို့က ပွဲတစ်ပွဲတက်စရာရှိလို့...
ပြန်တော့မယ်"အပြုံးချိုချိုတို့နဲ့...နှုတ်ဆက်ကာ ထွက်သွားသော
KuanLinမိဘတွေကို....JiHoonကြည့်ရင်း...
တွေးမိသည်က...အတော် သဘောကောင်းမည့် လူသားများပင်ဖြစ်လိမ့်မည်ဟု....မိဘတို့အား အိမ်ရှေ့ထိလိုက်ပို့ပြီး ခြံရှေ့တွင်ရပ်ထားသော ကားအနက်ရောင်ပေါ်သို့ မိဘတွေ တက်သွားပြီး ကားမောင်းထွက်သွားမျေ ပြန်လာတယ်....ခြံထဲပြန်ဝင်လာတဲ့....
Kuan Linရဲ့ အနားကို JiHoon ပြေးသွားရင်း..
လက်နှစ်ဖက်အား..ဆွဲကိုင်ကာ..."ကိုကို....ကိုကို့မိဘတွေက ဘာပြောလဲဟင်?
ခွင့်ပြုတယ်တဲ့လား?...သဘောတူတယ်တဲ့လား?"မျှော်လင့်ချက်ရောင်ခြည်တန်းတွေနဲ့...
မေးလာတဲ့...မျက်လုံးမှာ အရောင်လေးတွေတောင်...
လဲ့နေတဲ့...JiHoonရဲ့...အမေးကို...
Kuan Linမည်သို့...ပြန်ဖြေရမယ်မသိရှာ...."ဟင်း......
Hoonieရယ်....
Paနဲ့Maကလေ....
သဘော...မတူနိုင်ဘူးတဲ့...."ထိုစကားကိုကြားတော့....JiHoonမျက်နှာလေး
ညိုးသွားခဲ့ပေမယ့်....ပြန်လည်ပြုံးပြလာပြီး..."ဟီး...ကိုကိုရယ်...
စိတ်မညစ်ပါနဲ့....
ကြိုး..ကြိုးစားရင် ရတာပဲကို...
မဖြစ်နိုင်တာ..မရှိပါဘူး....
ဟုတ်တယ်နော်...""အင်း....
ဟုတ်တာပေါ့...
Hoonieလေး ပြောတာ မှန်တယ်...
ကဲ...အဲ့ကိစ္စကို ခေါင်းထဲက ထုတ်လိုက်...
ခုတော့ ပျောပျော်နေတာပေါ့..."ခေါင်းလေးအား ပုတ်ပြီး ပြောလာသော KuanLinကို JiHoonက လက်မောင်းအား တွဲခိုလျက်...
"ကိုကိုလာအီ...လာ..
BBQသွားစားကြမယ်"သူတို့နှစ်ဦးရဲ့ ပျော်ရွှင်နေမှုလေးကို..
ဘေးနားက ရပ်ကြည့်နေကြတဲ့...သူငယ်ချင်းတွေအဖို့
နှစ်သိမ့်စွာ ကြည့်ပေးနေရုံမှတစ်ပါး...ဘာမျှ မတတ်နိုင်...