PanWink's Room;JiHoonတစ်ယောက် KuanLinပြန်မလာခင်
ရေချိုးလိုက်ပြီး ညအိပ်ဝတ်စုံပန်းရောင်လေးအား ထုတ်ဝတ်ကာ ကုတင်ပေါ်တက်လှဲပြီး စောင်ခြုံကာ အိပ်နေတယ်..."Oh....Babyလေး အိပ်နေပြီလား"
အခန်းထဲဝင်လာတဲ့ KuanLinက ကုတင်ပေါ် ဆန့်ဆန့်ကြီး အိပ်နေသော JiHoonကို မြင်တော့ ပြုံးကာ ပြောရင်း ကုတင်နားကို လျှောက်လာတယ်....
"Baby...တကယ် အိပ်နေတာရော ဟုတ်ရဲ့လား?"
"ဟုတ်တယ်..."
အိပ်ချင်ယောင်ဆောင်နေသော JiHoonကို စချင်လာတာကြောင့် ပြောမိတော့ JiHoonက မျက်လုံးကြီး စုံမှိတ်ပြီး 'ဟုတ်တယ်...'ဟု ပြောလာတာကြောင့် KuanLinအသံထွက်အောင် ရယ်လိုက်ရင်း JiHoonကို ဖက်လိုက်တယ်...
"ဟား...ဟား..
အိပ်နေတဲ့ သူကလည်း ပြန်ဖြေတတ်တယ်ပေါ့..
ဘယ်လိုတောင် အလိမ်တော်ရတာလဲ...
Babyပုချိရဲ့...မွ"ပါးဖောင်းဖောင်းလေးအား နမ်းလိုက်တော့ မျက်လုံးပြူးကြီးနဲ့ KuanLinကို တွန်းထုတ်ရော..
"ဟာ...လူဆိုးကြီး
ခင်ဗျားအကြံ ကျုပ်မသိဘူးများ ထင်နေလား?""ပြောစမ်းပါအုံး
ကိုယ်က ဘာတွေကြံနေလို့လဲ..ဟမ်"မသိချင်ယောင်ဆောင်ကာ မေးလိုက်ပြီး JiHoonကိုယ်လုံးလေးကို ပေါင်ပေါ်ဆွဲတင်ကာ ဖက်ထားလိုက်တယ်...
"ဟိုအကြံလေ...
အဟမ်း...မရဘူးနော်...
လုံးဝမရဘူး...""ကိုယ်လည်း ဘာမှမတောင်းပဲနဲ့..
ဘာလို့ မရဘူးချည်း စွတ်အော် နေရတာလဲ""ဟင်း...
မသိချင်ယောင်ဆောင်မနေပါနဲ့...
ကိုကိုလည်း ယောကျာ်း..
ကျွန်တော်လည်း ယောကျာ်းပဲ...
ဒီညက..မင်္ဂ..မင်္ဂလာ..ဦးညလေ"ပြောနေရင်း အသံလေးတိုးတိုးသွားသော JiHoonကြောင့် KuanLinက အသည်းယားစွာ ဖက်လိုက်ပြီး JiHoonရဲ့ နှုတ်ခမ်းသေးသေးလေးအား နမ်းလိုက်ကာ...