3နှစ်ခန့်ကြာသော်...."ဟေ့လူကြီး....ဖယ်ဗျာ
မနက်မိုးလင်းနေပြီ....ကျွန်တော်ထတော့မယ်
ဖယ်ဆိုနေ"ကုတင်ပေါ်တွင် အိပ်စက်နေသော ကောင်လေးနှစ်ယောက်ထဲမှ DaeHwiဆိုသော ကောင်လေးနိုးလာပြီး သူ့ခါးပေါ်က လက်တစ်စုံရဲ့ပိုင်ရှင်အား ပြောဆိုနေတယ်....
"ဟာ...ထချင်သေးဘူး...
Babyရယ်...ထပ်အိပ်နေစမ်းပါ...
သင်တန်းလည်းမရှိပဲနဲ့...လာ..လာ
ကိုယ့်ရင်ခွင်ထဲလာ..."DaeHwiအားဆွဲဖက်ကာ ချော့မော့ပြောနေတဲ့ JinYoungကြောင့် DaeHwiနှုတ်ခမ်းထော်လျက် JinYoungရင်ခွင်ထဲ ပစ်ဝင်လိုက်တော့တယ်...
"လူကြီး....နောက်တစ်လနေရင် ကျွန်တော့်သင်တန်း ပြီးပြီနော်....ပြီးတာနဲ့ ဒီParisကနေ အမြန်ဆုံးKoreaကို ပြန်ကြမယ်...
ကျွန်တော် အမေ့ကို လွမ်းလှပြီ"ဆူအောင့်အောင့်လေး ပြောလာတဲ့ DaeHwiကို JinYoungက အသည်းယားစွာ နဖူးလေးအား ပြွတ်ခနဲနမ်းလိုက်ပြီး
"အင်းပါ...ပြန်ရမှာပေါ့...
ပြန်ရောက်တာနဲ့ အမေ့ဆီလိုက်ပြီး လက်ထပ်ခွင့် ဝင်တောင်းမယ်""ဟာ...ဟေ့လူ...လွန်လှချည်လား..
ခင်ဗျားနော်...ကျုပ်Parisကို Chefသင်တန်းလာတက်တာကို စိတ်မချဘူး ဘာညာနဲ့ အတင်းလိုက်လာပြီး နေတယ်...
3နှစ်...3နှစ်လုံး ခင်ဗျားကြီးနဲ့ နေလာရတာ"လက်ညိုးငေါက်ငေါက်ထိုးကာ ရန်တွေ့နေသော အသေးလေးအား JinYoungက ရင်ခွင်ထဲအပြည့်ထည့်ဖက်လိုက်တော့ မျက်နှာသေးသေးလေးသာ ပေါ်နေတယ်...
မျက်လုံးလေးကပြူးပြီး နှုတ်ခမ်းသေးသေးလေးက ထော်လို့...."အံမယ်...ဒီခင်ဗျားကြီးနဲ့ နေရတာမကြိုက်ဘူးပေါ့လေ
အဲ့တာဆိုလည်း လက်ထပ်မနေနဲ့တော့ကွာ...
မင်းမှ ကိုယ့်ကို မလိုချင်တာ"JinYoungက အချေဆိုက်ဖမ်းကာ ရုပ်တည်ကြီးနဲ့ ပြောလာတော့ DaeHwiက နှုတ်ခမ်းလေးကိုက်ကာ ကြည့်နေပြီး လည်ပင်းအား တစ်ဖက်လှည့်ထားသော JinYoungရဲ့ မေးရိုးထင်းထင်းအား ဖျတ်ခနဲနမ်းပြီး ရင်ခွင်ထဲမှ ရုန်းထွက်ကာ ရေချိုးခန်းထဲပြေးဝင်သွားတယ်.....