မနက်အစောပိုင်း 7နာရီလောက်တွင်...
Kuan Linအိမ်ထဲမှ ထွက်လာကာ ဝတ်ထားသော hoodieကို သေချာပြန်ပြင်ရင်း ခေါင်းတွင်ဆောင်းထားသော ခေါင်းစွပ်လေးအား နဖူးမှ ဘုသီးအား လုံအောင်ဖုံးကာ နားကြပ်တပ်လျက် မနက်ခင်း အပြေးလေ့ကျင့်ခန်းအား စတင်တယ်...
ပြေးနေရင်း...
ပြေးနေရင်း.....မျက်စိထောင့်နားမှ
တစ်စွန်းတစ်စမြင်နေရသော...
ပုံရိပ်ကလေး...
သေချာလှည့်ကြည့်မိမှ...ငှက်သိုက်မုန့်
အဖြူရောင်T-shirtကလေးအား အနက်ရောင် ဒူးတိုဘောင်းဘီကလေးဖြင့် ဝတ်ဆင်ထားပြီး ထိပ်က ဆံပင်လေးကိုလည်း စုစည်းထားသေးတယ်..
ဘေးနားကနေ လုံးတုံးလုံးတုံးနဲ့ လိုက်ပြေးနေလိုက်တာများ ဝက်ခြံထဲက လွတ်လာတဲ့ ဝက်ပေါက်ကလေးကျလို့...(JiHoonကတော်များ
မီးအားနည်းပါ...ficအရမို့ပါ)သူ့ကိုကြည့်နေမှန်းသိတော့ မျက်လုံးများမှိတ် သွားသည်အထိ ဖြီးပြရင်း...လက်တုတ်တုတ်တို့အား
ထောင်ပြလျက် နှုတ်ဆက်ရှာတယ်..."Annyeong....ကိုကိုလာအီ"
"မင်းငါ့နောက် ဘာလိုက်လုပ်တာလဲကွ... ကျောင်းမသွားဘူးလား?"
ပြေးနေရင်းမှ တပ်ထားသော နားကြပ်တစ်ဖက်အား ဆွဲဖြုတ်ရင်း မေးလာသော Kuan Linရဲ့အမေးကို မထုံတတ်ပေး မျက်နှာထားနှင့်...
"ကိုကိုလာအီရယ်...ဒီနေ့က ကျောင်းပိတ်ရက်လေ
ကိုကိုဦးနှောက်မကောင်းဘူးလား"အယ့်လယ့်....ပြန်ပြောပုံကိုက...သူ့ကိုသူ ဆရာကြီးလိုလို...ဘာလိုလို....
"အေးပါ....အတော်အားနေလို့ ငါနဲ့လိုက်ပြေးနေတယ်ပေါ့...ဘယ်လောက်ထိ ပြေးနိုင်မလဲ ကြည့်ကျသေးတာပေါ့"
စကားဆုံးတာနဲ့ လှစ်ခနဲ ပြေးထွက်သွားသော Kuan Linနောက်ကို Park Ji Hoonခမျာ..
အမောဆို့မတတ် ပြေးလိုက်ရပြန်တယ်...